ပဲခူး စက်တင်ဘာ ၉
===================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ဆေးရုံသုံး အသက်ရှူ အထောက် အကူပြုစက်ပစ္စည်းများ လာရောက်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ အလှူရှင်ဒေါ်မြတ်သီတာက တိုင်းဒေသကြီးအတွင်းရှိ လိုအပ်သော အထွေထွေရောဂါကု ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် အသက်ရှူအထောက်အထောက်အကူပြုစက်ပစ္စည်းများဖြစ်သော (Aerospace Changfeng Medical MCM812A Ventilator) လာရောက်လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ၎င်းနောက် အလှူရှင်မိသားစု များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ ကြသည်။
အဆိုပါ အသက်ရှုအထောက်အထောက်အကူပြုစက်ပစ္စည်းများဖြစ်သော (Aerospace Changfeng Medical MCM812A Ventilator)အား တိုင်းဒေသကြီးအတွင်းရှိ လိုအပ်သော အထွေထွေရောဂါကု ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website