ပဲခူး မေ ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ အတွက် MSME ဒေသထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသုံးကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံများ အား မေလ(၅)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ရွေ့လျားမော်တော်ယာဉ်ကြီးဖြင့် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီရုံးဝန်းအတွင်း၌ ငလျင်ဘေးဒဏ်သင့်နိုင်ငံ့ဝန်ထမ်းများအား ပဲခူး တိုင်းဒေသကြီးမှ ထွက်ရှိသည့် အသေးစား၊ အငယ်စား၊ အလတ်စား MSME ဒေသထုတ်ကုန်များ၊ လူသုံး ကုန်များ၊ စားသုံးကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေး လျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ အတွက် MSME ဒေသထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသုံးကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံ စုစုပေါင်းအမယ်(၁၅၀)ကျော်အား သက်သာသောနှုန်းထားဖြင့် ဝန်ကြီးဌာနများ၊ ရပ်ကွက်များသို့ နေ့စဉ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)