ပန်းတောင်း ဇွန် ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဇွန်လ(၂)ရက်နေ့၊ နံနက်ပိုင်းက ပန်းတောင်းမြို့တွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသား/သူ များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအခြေအနေနှင့် ကျောင်းသားနှင့်ဆရာအချိုးတို့အား တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကူးစက်ရောဂါ ဖြစ်ပွါးမှုမရှိစေရေး ကျန်းမာရေးဂရုပြုရန်၊ ယင်လုံ အိမ်သာများ သုံးစွဲရန်နှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဆရာ/ ဆရာမများအတွက် သီးခြားဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။