Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၇

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ(၂၇)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီ စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိုး ရာသီ သီးနှံများ သတ်မှတ်လျာထားဧကအတိုင်း အပြည့်အဝစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး အထူးအလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာမှသာ တောင်သူများအတွက် ဝင်ငွေတိုးတက်လာမှာဖြစ်ကာ သွင်းအားစု သက်သာစေရေးနှင့် မြေဆီဩဇာကြွယ်ဝစေရေး သဘာဝမြေဩဇာသုံးစွဲခြင်း၊ ပိုက်ဆံလျှော်(သို့မဟုတ်) ပဲမျိုးရင်းဝင်တစ်မျိုးမျိုးကို ကြားသီးနှံအဖြစ် စိုက်ပျိုးရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေကြီး နစ်မြှုပ်နိုင်သည့် ဒေသများတွင် ပျိုးအရံနှင့် မျိုးအရံကြိုတင်ထားရှိရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံဖြစ် ဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာအား ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှစ်ရှည်သီးနှံရာဘာ စိုက်ပျိုးသည့်နေရာများတွင် ရိုဘက်စတာကော်ဖီ တိုးချဲ့စိုက်ပျိုးသွားနိုင်ရန်ဖြစ် ကြောင်း၊ ယာမြေများအား မိုးကောင်းသောက် လယ်မြေများဖြစ်အောင် ဆောင်ရွက်ပေးရမည့်အချက်များ တင်ပြပေးရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း မိုးစပါးစိုက်ဧက(၂၆)သိန်းကျော် စိုက်ပျိုးသွားမှာဖြစ်၍ စိုက်မျိုးဧကအလိုက် ပျက်စီးဆုံးရှုံးမှုနှင့် အထွက်နှုန်းထိခိုက်မှုမရှိစေရေး သက်ဆိုင်ရာစိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပဲခူးခရိုင်တို့မှ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် နွေစပါးရိတ်သိမ်းပြီးစီးမှု၊ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိမှုနှင့် မိုးရာသီတွင် စိုက်ပျိုးသွားမည့် သီးနှံများအလိုက် လက်ရှိစိုက်ပျိုးပြီးစီးမှု အခြေအနေ နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက ခရိုင် အလိုက်တင်ပြချက်များနှင့်ပတ်သက်၍ သုံးသပ်အကြံပြုတင်ပြခဲ့သည်။

          ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က မိုးရာသီတွင် ဖြစ်ပေါ်တတ်သည့် ရေကြီးနစ်မြှုပ်မှုကြောင့် သီးနှံစိုက်ဧကများ လျော့နည်းမှုမရှိစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အချက်အလက်များကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးစိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့ အဖွဲ့ဝင်များက စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းအကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။