ပဲခူး နိုဝင်ဘာ ၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာ ကျွေးမွေးခြင်းအား နိုဝင်ဘာလ(၃)ရက်နေ့တွင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်အောက်ထပ်ရှိ စိတ္တသုခခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်အောက်ထပ်၊ စိတ္တသုခခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖ များပူးပေါင်း၍ ဒေသခံပြည်သူများနှင့် ပဲခူးမြို့သို့ လာရောက်လည်ပတ်ကြသူများအား စတုဒီသာ ကျွေးမွေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး စတုဒီသာလာရောက်သုံးဆောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖတို့ ပူးပေါင်းမှုဖြင့် နိုဝင်ဘာလ(၃)ရက်နှင့် (၄)ရက်နေ့ တို့တွင် စတုဒီသာကျွေးမွေးသွားမည်ဖြစ်ကာ စတုဒီသာလာရောက်သုံးဆောင်ကြသူများအား ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website