Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး မတ် ၃

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၂/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)ကာလ ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ခြောက်သွေ့ရာသီရောက်ရှိလာပြီဖြစ်၍ ဌာနဆိုင်ရာရုံးများ မီးဘေးကာကွယ်ရေးပစ္စည်းများ ပြည့်စုံလုံလောက်စွာ ထားရှိရန်နှင့် အောက်ခြေရုံး/ ဌာနများအား စစ်ဆေးကြပ် သွားရန်ဖြစ်ကြောင်း၊ ဒေသတွင်း စားသုံးဆီသုံးစွဲခြင်း လျော့ချနိုင်ရေး အသိပညာပေးရန်နှင့် ဆီထွက်သီးနှံနေကြာအား သီးညှပ်စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာရုံးတွင်း/ရုံးပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် လျှပ်စစ်မီး လျော့ချသုံးစွဲနိုင်ရေး ဆောင်ရွက်ထားကြရန် လမ်းညွန်မှာ ကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးတို့မှ ဌာနဆိုင်ရာ ရုံးလုပ်ငန်းများ၊ ကိုဗစ်(၁၉)ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့် ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာကိစ္စ ရပ်များ အကြံပြု တင်ပြဆွေးနွေးခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးဆင့်ဌာနဆိုင်ရာများ၊ အဆင့်မြင့်ပညာဦးစီး ဌာနမှ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ၊ သင်တန်းကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် သီးခြား လိုအပ်ချက်များ တင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။