Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၂၂

          ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ်၊ မိုးလုံလေလုံအားကစားရုံ၌ ဩဂုတ်လ (၂၂)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး‌ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပဲခူးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသမီးအားကစားအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက အသင်းလိုက်(၉)ဦးပြိုင်ပွဲ၊ အသင်းလိုက်(၃)ဦးပြိုင်ပွဲနှင့် တစ်ဦးချင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု့အားပေးကြသည်။

          ထို့နောက် ဆုချီးမြှင့်အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ တစ်ဦးချင်းပြိုင်ပွဲတွင် ပထမရရှိ သော ဇီးကုန်းမြို့နယ်၊ ဒုတိယရရှိသော ရွှေတောင်မြို့နယ်နှင့် တတိယရရှိသော ညောင်လေးပင်မြို့နယ် တို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပဲခူးတိုင်းဒေသကြီးအားကစားအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာထွေး ကလည်းကောင်း၊ အသင်းလိုက်(၃)ဦးပြိုင်ပွဲတွင် တတိယရရှိသော ညောင်လေးပင်အသင်း၊ ဒုတိယ ရရှိသော ရွှေတောင်မြို့နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပဲခူးတိုင်း ဒေသကြီးအမျိုးသမီးအားကစားအဖွဲ့၊ အတွင်းရေးမှူး ဒေါ်မိုးသူဇာကျော်နှင့် အဖွဲ့ဝင် ဒေါ်‌ကေဇင်လတ်တို့ ကလည်းကောင်း၊ ပထမရရှိသော ဇီးကုန်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ပထမဆုဖလားနှင့် ငွေသားဆု ကျပ်(၅)သိန်းကို ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့၊ အဖွဲ့ဝင် ဒေါ်စန္ဒာမြင့်က လည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်သည်။၎င်းနောက် အသင်းလိုက်(၉)ဦးပြိုင်ပွဲတွင် တတိယရရှိသော ရွှေကျင်မြို့နယ်၊ ဒုတိယရရှိသော ညောင်လေးပင်မြို့နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသား ဆုများ၊ ပထမဆုရရှိသော ရွှေတောင်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ် ၊ ပထမဆုဖလားနှင့် ငွေသားဆုကျပ်(၇)သိန်းတို့ကို ပဲခူးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့၊ အဖွဲ့ဝင် ဒေါ်မို့မို့ကလည်း ကောင်း ချီးမြှင့်ပေးအပ်သည်။

          ထို့နောက် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)ခုတို့ဖြင့် တံခွန်စိုက်ဆုဖလားရရှိသော ရွှေတောင်မြို့နယ် အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ်(၁၀)သိန်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် မှ ဒိုင်ချုပ်(၂)ဦးနှင့် ပါဝင်ယှဉ်ပြိုင်သည့် မြို့နယ်အလိုက် အေရိုးဗစ်အသင်းများအားလည်း ပဲခူးတိုင်း ဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်စိုးစိုးသက်က ဂုဏ်ပြုငွေ ပေးအပ်ခဲ့သည်။

          အဆိုပါ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲအား ဩဂုတ်လ(၁၉)ရက်နေ့မှ(၂၂)ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၂၈)သင်း ပါဝင်ကာ တစ်ဦးချင်းပြိုင်ပွဲ၊ သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲနှင့် ကိုးယောက်တွဲအသင်းလိုက်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။