Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဒီဇင်ဘာ ၂၀

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူတည် ဆောက်လျက်ရှိသော ကဝမြို့နယ်၊ ပဲခူး-သနပ်ပင်-ခရမ်း-သံလျင်လမ်း၊ မိုင်တိုင်(၁၉/၂)-(၁၉/၃)ကြားရှိ တံတားအမှတ်(၁/၂၀) ရစ်ဝတံတား အရှည်(၁၀၀)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားကမ်းကပ်ခုံများ ရေတိုက်စားမှုမရှိစေရေး ကမ်းထိန်း နံရံများ စနစ်တကျဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ နိဗ္ဗာန်ကျေးရွာအုပ်စု၌ တစ်ကွင်း တစ်ဆက်တည်း အကွက်ကျယ် နွေစပါးဧက(၃၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကြိုတင်ပျိုးထောင်စနစ်ဖြင့် တစ်နှစ်နွေစပါး(၂)သီး စိုက်ပျိုးနိုင်ရေး အသိပညာပေးပြောကြားခဲ့ကာ စိုက်ပျိုးရေရရှိရေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက်‌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက နွေစပါးစိုက်တောင်သူများအတွက် သွင်းအားစု ဓါတ်မြေဩဇာများ ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကဝမြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာ ဆွေမြင့်ဦး၏ အသားတိုးကြက်ကောင်ရေ (၆၀၀၀) စတင်မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ပြီး ဇီဝလုံခြုံရေးကိုလည်း အထူးအလေးထားဆောင်ရွက်သွားနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အင်းတကော်မြို့ရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်မြင့်၏ ဥစားကြက်ကောင်ရေ(၄၀၀၀၀) မွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကိုယ်တိုင် မွေးမြူထားသည့် ဥများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့စဉ်ဖွင့်လှစ်လျက်ရှိသည့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူသူများ တိုက်ရိုက် အရောင်းဆိုင်များတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဟွမ်းဟွမ်းကြက်စာစပ်လုပ်ငန်းသို့ သွားရောက်၍ ဥစားကြက်အစာ ထုတ်လုပ်နေမှုအား လေ့လာကြည့်ရှုခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ကို အခြေခံပြီး သက်သာသောနှုန်းထားဖြင့် တိရစ္ဆာန်အစာထုတ်လုပ်သွားရန်နှင့် မွေးမြူရေးအစာစပ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူ တိုးတက်လာစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။