Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ (၈၇)နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ (၈၇)နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

သာယာဝတီ ဒီဇင်ဘာ ၃၀

          သာယာဝတီမြို့၊ မိဘဘိုးဘွားအောအောက်မေ့ဘွယ်ခန်းမ၌ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက (၈၇)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

          ရှေးဦးစွာ ဖားစည်(၉)ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့အား အလံတိုင်ထိပ်သို့လွှင့်ထူကာ အခမ်းအနားတက် ရောက်လာကြသူများက အလေးပြုကြ သည်။

          ထို့နောက် ယင်းနောက် သာယာဝတီမြို့နယ်၊ ဝါးနက်ကုန်းကျေးရွာ ဒုံးအဖွဲ့က “ တို့ကရင် နှစ်သစ်ကူး” သီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ကရင်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် စစ်မှန်သည့် ရိုးရာအမွေအနှစ်များကို မပျောက်မပျက် ထိန်းသိမ်းကာ ပြည်ထောင်စုစိတ်ဓါတ်ကို အခြေခံပြီး စည်းလုံးညီညွတ်စွာဖြင့် နေထိုင်သွားကြရန်” ကရင်သက္ကရာဇ် (၂၇၆၄) ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၈၆)ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အား ကြိုဆိုသောအားဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

         ယင်းနောက် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်တစ်ဦးက ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာဒုံးအဖွဲ့က “မိုးသောက်ကြယ်” သီချင်းဖြင့်လည်းကောင်း၊ မင်းလှမြို့နယ်၊ ရွာသစ်ကျေးရွာ ဒုံးအဖွဲ့က “ကောက်ရိတ် ကောက်စိုက်ပျိုးနှုတ်” သီချင်းဖြင့်လည်းကောင်း၊ အုတ်ဖိုမြို့နယ်၊ ရွှေတောင်ကုန်းကျေးရွာ ဒုံးအဖွဲ့က “ကောက်သစ်စားအောင်ပွဲ” သီချင်းဖြင့်လည်းကောင်း၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာ ဒုံးအဖွဲ့က “ပြည်ထောင်စုဒုံး” သီချင့်ဖြင့်လည်းကောင်း အသီးသီး ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ဒုံးယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ရာ၊ သာယာဝတီမြို့နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကာ တက်ရောက်လာသည့် ဧည့်သည်တော်များအား ကရင်တိုင်းရင်းသားရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။