Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (တတိယ)နေ့ သင်္ချာဘာသာ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (တတိယ)နေ့ သင်္ချာဘာသာ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၁၉

              ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (တတိယ)နေ့ သင်္ချာဘာသာ စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၇၈၃)ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ (တတိယ)နေ့ သင်္ချာဘာသာ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

                ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း စာစစ်ဌာန၌  ကျောင်းသား/သူ (၅၁၃)ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ (တတိယ)နေ့ စိတ်အေး ချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး နေ့စဉ် စာမေးပွဲဖြေဆိုပြီးချိန်တိုင်း အချိုရည်နှင့်မုန့်များ ဖြန့်ဝေပေးရန်၊ စာဖြေချိန်မီ ရောက်ရှိစေရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် နှင့် စာမေးပွဲဆိုင်ရာ သတ်မှတ်စည်းကမ်းချက်၊ ညွှန်ကြားချက်များနှင့်အညီ ဖြေဆိုနိုင်ရေး တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ပြီး ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။