Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့၊ မြို့နယ်ဥပဒေရုံး အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့၊ မြို့နယ်ဥပဒေရုံး အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်

ပေါင်းတည် ဇွန် ၁

            ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဇွန်လ(၁)ရက်နေ့၊ နံနက်ပိုင်းက ပေါင်းတည်မြို့၊ မြို့နယ်ဥပဒေရုံး အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးတင်ဆွေနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်တို့က အဆိုပါဥပဒေရုံးရှေ့၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဥပဒေရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။

         ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဥပဒေရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

           အဆိုပါ ပေါင်းတည်မြို့နယ် ဥပဒေရုံးသစ်သည် ပေါင်းတည်မြို့၊ မင်းကွက်(၃)ရပ်ကွက်၊ ရွှေတည်(၁)ကွက်သစ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးတွင်တည်ရှိပြီး (၃၆ ပေ x ၅၁ ပေ) RC ၁ ထပ် အဆောက်အဦဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့  ခွင့်ပြုရန်ပုံငွေကျပ်(၁၃၂.၁၅)သန်းဖြင့် ဆောက်လုပ် ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။