Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေး

သာယာဝတီ အောက်တိုဘာ ၃၀

              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း)စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

              ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင် ကျေးရွာရှိ လုပ်ငန်းရှင် ဒေါ်ရိုစီဖြူ၏ စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက် Gasifier 400 KW ဖြင့် စပါးခွံလောင်စာတောင့်ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စပါးခွံအား ထင်းအစားထိုး တန်ဖိုးမြှင့် လောင်စာထောင့် ထုတ်လုပ်ခြင်းအား အားပေးမြှင့်တင်ရန်နှင့် ဒေသတွင်းသာမက ပြည်ပပို့အဆင့်ထိ တင်ပို့နိုင်ရေး မျှော်မှန်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့စည်။ ၎င်းနောက် တစ်ရက် တန် ၆၀ ကျ ဆန်စက် အား ကြည့်ရှုအားပေးခဲ့ပြီး Solar စနစ်ဖြင့် ဆန်စက်များလည်ပတ်ဆောင်ရွက်ရန်၊ မြို့နယ်အလိုက် ပြည်ပ ပို့ကုန်စျေးကွက်ရှိပြီးတန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုး ဧကများများ တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးရန်နှင့် စပါးမျိုးများ လုံလောက်စွာရရှိရေးနှင့် တန်ဖိုးမြှင့် ပေါ်ဆန်းစပါး စိုက်ပျိုးနည်းစနစ်များအား စံပြကွက်များ ဖော်ထုတ်ပြသရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

              ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ လယ် မကျေးရွာရှိ လုပ်ငန်းရှင် ဦးအောင်စိုးနိုင်၏ အားမာန်ခေတ် လယ်ယာသုံးစက်ကိရိယာပစ္စည်း ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ခဲ့ပြီး ဘက်စုံသုံးအစေ့ချစက်နှင့် လယ်ယာသုံးစက်ကိရိယာအမျိုးမျိုး ထုတ်လုပ် ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူတိုင်းတစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုနိုင်ရေး ဆန်းသစ်တီထွင် ထုတ်လုပ်ရန်၊ နည်းပညာနှင့် ချေးငွေရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

            ယင်းနောက် နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာအုပ်၊ တစ်ကွင်းတစ်ဆက်တည်း မိုးစပါး (၂၀၀)ဧက မျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများ နှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်ရန် ပြောကြားခဲ့ပြီး တန်ဖိုးမြှင့်စပါး မျိုးစေ့ထုတ်ခင်း များ မြို့နယ်အလိုက် စီမံချက်ဖြင့် ဆောင်ရွက်ရန်နှင့် ဆောင်းသီးနှံစိုက်ရာသီတွင် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးနှင့် သတ်မှတ်ဧကပြည့်မီစွာ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။