Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၁၃

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၁၃) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေး ချမ်းသာစွာ စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆို နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးက စာမေးပွဲဖြေဆိုမှုဆိုင်ရာ အခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲ ပြီးဆုံးသည်ထိ အောင်မြင်စွာဖြေဆိုနိုင်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက် ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးမြို့နယ်အတွင်း စာစစ်ဌာန(၅)ခုရှိပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၇၃၈)ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ(၅၅၉)ဦး၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ(၅၁၇)ဦး၊ အခြေခံပညာအထက်တန်း ကျောင်း(ဘုရားကြီး)တွင် (၅၅၆)ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း(အင်းတကော်)တွင် ကျောင်းသား/ သူ(၄၄၂)ဦး စုစုပေါင်း ပဲခူးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူကျောင်းသား/သူ (၂၈၁၂)ဦးတို့သည် စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ် ဖြင့် မြို့နယ်(၂၈)မြို့နယ်ရှိ စာစစ်ဌာနအသီးသီး၌ စာမေးပွဲဖြေဆိုပြီးချိန်တွင် ကျောင်းသား/သူများအား ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများက အအေးဘူးများ၊ မုန့်များပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။