ပဲခူး ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၃၀)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ်လ(၂၈)ရက်နေ့က လှုပ်ခတ် ခဲ့ မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် တိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်း/ တံတားများ၊ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားစေတီပုထိုးများစွာ ထိခိုက်ပျက်စီး ခဲ့ရကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် အဆောက်အဦများကို ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် အထူး အဆောက်အဦဟူ၍ (၃)မျိုးခွဲခြား စာရင်းကောက်ယူသွားရမှာဖြစ်ကာ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အဆောက် အဦများအား မြေပြင်ကွင်းဆင်း စစ်ဆေးစာရင်းကောက်ယူရာတွင် အပြာရောင် အဆင့်သတ်မှတ်သော လူနေထိုင်၍ရပြီး အနည်းငယ်သာပျက်စီးမှုများကို အမြန်ပြင်ဆင်သွားရမှာဖြစ်ကြောင်း၊ အပြာရောင်အဆင့် သတ်မှတ်ထားသည့် ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် အခြားခေါင်စဉ်အောက်တွင်ရှိသည့် ပြင်ဆင်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုများကို မှတ်တမ်းဓါတ်ပုံနှင့်တကွ အပတ်စဉ်တင်ပြပေးရန် လိုအပ်မှာဖြစ်ကြောင်းနှင့် အသစ်တည်ဆောက်ရမည့် အဆောက်အဦများအား ခေတ်မီနည်းပညာများနှင့်အညီ ငလျင်ပြင်းအား(၈) မဂ္ဂနီကျူ့ ခံနိုင်ရည်ရှိသည့် အဆောက်အဦဒီဇိုင်းဖြင့် ပြန်လည်တည်ဆောက်သွားရမှာဖြစ်ပြီး ရှေးဟောင်း ဘုရားစေတီပုထိုးများ ပြင်ဆင်ရာတွင် အဆောက်အဦ ပညာရှင်၊ ရှေးဟောင်းသုတေသနမှာ ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ဌာနဆိုင်ရာရုံး၊ ဝန်ထမ်းအိမ်ရာ၊ အထူးအဆောက်အဦနှင့် အခြားခေါင်းစဉ်အောက်ရှိ အဆောက် အဦများ ထိခိုက်ပျက်စီးခဲ့မှုနှင့် အပြာရောင်အဆင့် သတ်မှတ်သည့် အဆောက်အဦများအား သက်ဆိုင်ရာ ဦးစီးဌာနများ၏ အဆောက်အဦ ပြင်ဆင်ထိန်းခြင်းရန်ပုံငွေမှ ဌာနအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည့် အစီ အမံများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆောက်အဦများ ပြင်ဆင်ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက် သွားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား သိရှိလိုက်နာဆောင်ရွက်သွားရန် ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။