Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် အသက်မွေးဝမ်းကျောင်းပညာ (စက်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန်) သင်တန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးမြို့တွင် အသက်မွေးဝမ်းကျောင်းပညာ (စက်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန်) သင်တန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၁၅

        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တပ်မတော်စစ်သည်မိသားစုများ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေနှင့် မိသားစုတစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ရေးနှင့် ဝင်ငွေတိုးတက်ရရှိစေရေးအတွက် စက်တင်ဘာလ (၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ရန်ငြိမ်းအေးခန်းမ၌ “အသက်မွေးဝမ်းကျောင်းပညာ [စက်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန်] သင်တန်းများ” ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

       ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားရရှိရေး၊ တစ်ပိုင်တစ်ပိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်လာနိုင် စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာရပ်သင်တန်းများကို လအလိုက် နယ်ပယ်ဒေသအစုံတွင် ဖွင့်လှစ်ပေးလျက်ရှိ ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းများမှ သင်ကြားပေးလိုက်တဲ့ ပညာရပ်များသည် သင်တန်းပြီးဆုံး သည်နှင့် အလွယ်တစ်ကူလုပ်ငန်းထူထောင်နိုင်သော ပညာရပ်များဖြစ်သည့်အပြင် သင်တန်း၌ထူးချွန်သူ သင်တန်းသူများကို ရွေးချယ်၍ ကိုယ်ပိုင်လုပ်ငန်းစတင်ထူထောင်နိုင်ရေး လုပ်ငန်းအလိုက် စက်ပစ္စည်းများ အခမဲ့ချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း၊ သင်တန်းတက်ရောက်လာကြသည့် မိသားစုများအနေဖြင့် သင်တန်းမှရရှိလာမည့် နည်းပညာရပ်များကို ပြန်လည်အသုံးပြုပြီး ဝင်ငွေတိုးတက်ရရှိရေးနှင့် အောင်မြင် သည့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

        ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းအတွက် နည်းပြများနှင့် သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်တန်း၌ သင်ကြားပေးသွားမည့် ထုတ်ကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည် ကြည့်ရှု့ခဲ့ကြသည်။

        တန်ဖိုးမြှင့်စားသောက်ကုန်(Bakery, Ice Cream)ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းတို့အား သားမိသားစုဝင် (၁၀၆)ဦးကို နေရာ အသီးသီးခွဲ၍ စက်တင်ဘာလနှင့် အောက်တိုဘာအတွင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် MSMEs လုပ်ငန်းရှင်များသစ်များ ပေါ်ထွက်လာစေရေးနှင့် ဒေသထွက် ကုန်ကြမ်း ပစ္စည်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရေး ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။