ပဲခူး ဧပြီ ၁၅

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့အား ရိုးရာယဉ်ကျေး မှုနှင့်အညီ အေးချမ်းသာယာစွာ ကျင်းပပြုလုပ်လျက်ရှိသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့က အေးချမ်း သာယာသောသင်္ကြန်(အေးသင်္ကြန်)ပွဲတော်အား မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သပြေခတ်နှင့် ရေပက် ဖျန်းပြီး ပဲခူးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော် အကြတ်နေ့အား ပြည်သူများနှင့်အတူ ပါဝင်ဆင်နွဲခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ လမ်းလျှောက် သင်္ကြန်ပွဲတော်သို့ ပါဝင်ဆင်နွဲကြသည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအား နေ့စဉ် မနက်၊ ညနေ စဉ်ဆက်မပြတ် ကျွေးမွေးလျက်ရှိသည့် စတုဒီသာမဏ္ဍပ်များအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယခုနှစ် ပဲခူးမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သည် ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် တိုက်ဆိုင်လျက်ရှိသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများကလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပလျက်ရှိ သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပါဝင်ဆင်နွဲခြင်းအပြင် လာရောက်လည်ပတ်ကြသူအချင်းချင်း မြန်မာ့ သနပ်ခါးအလှ လိမ်းချယ်ခြင်းများကိုလည်း ချစ်စရာဓလေ့တစ်ခုအဖြစ် ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သတင်း ရရှိသည်။