ပဲခူး ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ ညပိုင်းအချိန်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲသို့ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ (၇၈)နှစ်မြောက် ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ကြသည်။
ထို့နောက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲအား မြန်မာသံတေးဂီတဖြင့် ဧည့်ခံ သီဆိုဖျော်ဖြေခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က အမှတ်တရဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website