ဟင်္သာကုန်းသည် ဘူမိဗေဒပညာရှင် ဒေါက်တာညီညီ ၏ အဆိုအရ လွန်ခဲ့သော နှစ်ပေါင်း(၁၅)သန်းခန့်ကပင် ပင်လယ်ရေပြင်အောက်မှကျွန်းအဖြစ် ပေါ်ပေါက်လာခဲ့ သည်။ ထိုအချိန်က ပဲခူးတစ်ဝိုက်တွင် ပင်လယ်ပြင်များဖြစ်နေပြီး ဟင်္သာကုန်းနေရာ တွင်သာ ဟင်္သာတစ်ကောင်သာ နားနေရန်နေရာရှိကြောင်း သိရပါသည်။ ထို့ကြောင့် ဟင်္သာဖိုမ (၂)ကောင်တို့သည် ပင်လယ်ရေပြင်ကိုဖြတ်၍ ပျံလာရာ တစ်ကောင်သာနား ရန် မြေနေရာရှိ၍ ဟင်္သာအဖိုမှ အလျင်နားပြီး ဟင်္သာအဖိုအပေါ် ဟင်္သာအမက ထပ်နား ခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ပဲခူး၏ သင်္ကေတမှာ ဟင်္သာ(၂)ကောင် တစ်ထပ်တည်း နားနေပုံဖြစ်သည်။
ပျူခေတ်တွင် တိန်မယ်ကျွန်းဟု လည်းကောင်း၊ ၀မ်းပဲကူးကျွန်းဟု လည်းကောင်း ခေါ်ကြသည်။ ပုဂံခေတ်နောက်ပိုင်းတွင် အိန္ဒိယပြည် ဥဿလနယ်မှ မွန်များလာရောက် နေထိုင်ရာ အရပ်ဖြစ်၍ ဥဿာပဲကူးဟု ခေါ်ဆိုကြပါ သည်။
၀မ်းပဲကို မွန်ဘာသာဖြင့် ဟံသာဟု အဓိပ္ပာယ်ရသဖြင့် ဟံသာ၀တီဟု ခေါ်ဝေါ်ခဲ့ သည်။ ဟံသာကျွန်း၊ ဟံသာကုန်းမှတစ်နည်း၊ ဟင်္သာကျွန်း၊ ဟင်္သာကုန်းဟူ၍ ခေါ်ဝေါ်လာခဲ့ သည်။
ပထမဟံသာ၀တီနန်းတော်ကုန်းကား ယခင်ပဲခူးရဲကျောင်းနှင့် မြောက်ဘက်၊ တောင်ဘက် ကုန်းမြေမြင့်ဖြစ်သည်။
ဂေါတမမြတ်စွာဘုရားရှင်သည် စူဋ္ဌာသာလ၊ မဟာသာလ ကုန်သည် ညီနောင်တို့ အား “ငါဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် သာသနာတော်နှစ် တစ်ထောင့်သုံးရာ ကျော်လျှင် သင်တို့အားယခုချီးမြှင့်လိုက်သော ဤစံတော်တည်ရာ သုဒဿန တောင်၏ အရှေ့၊ ဟံသာပဗ္ဗတအမည်ရှိသောဌာန၌ သမလကုမ္မာ၊ ဝိမလကုမ္မာ အမည်ရှိ မင်းညီနောင် နှစ်ပါးတို့ကို သိကြားမင်း စောင်မ၍ မြို့သစ်နန်းသစ်တည်ပြီးလျှင် ဟံသာ၀တီပြည်ကြီး ဟု မော်ကွန်းစိုက်ထူပြီး သမလကုမ္မာမင်းသည် အဦးစမင်းပြုရလတ္တံ့။ ထိုမင်းသည် ဘုရား သာသနာတော်ကို သက်၀င်ယုံစားသဖြင့် သာသနာ့ဒါယကာခံလတ္တံ့။”ဟု ဗျာဒိတ် ထားရှိတော်မူသည့်အတိုင်းပင် သာသနာတော်နှစ် (၁၃၆၉)ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၈၇)ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁)ရက် တနင်္လာနေ့တွင် သမလမင်းကြီးက နန်းသိမ်းတော်မူခဲ့သည်။
သမလမင်းကြီးသည် မွေတော်ဓါတ်များစွာ ဌာပနာ၍ ဗြဟ္မနတ်လူတို့ ကိုးကွယ် ပူဇော်ရန် ကျတ်သု၀ဏ္ဏဟံသာစေတီတော်ကို တည်ထားတော်မူခဲ့သည်။
ရသေ့ကြီးဦးခန္တီသည် နှစ်ပေါင်းကြာမြင့်ပြီဖြစ်၍ ယိုယွင်းပျက်စီးနေသော သမလ မင်းတည်ထားကိုးကွယ်တော်မူခဲ့သည့် ထိုကျတ်ပြတ် (ကျတ်သု၀ဏ္ဏဟံသာစေတီတော်) ကို အသစ်ပြန်လည်တည်ထားကိုးကွယ်တော်မူခဲ့ရာ ယနေ့တိုင် ဟင်္သာကုန်းစေတီတော် ဟူ၍ ထင်ရှားကျော်ကြားလျက်ရှိပါသည်။ (ကျတ် = ဘုရား၊ ပြတ် = ဟင်္သာ)
ဦးခန္တီသည် ခရစ်သက္ကရာဇ် (၁၉၂၃)ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၂၈၆)ခုနှစ် ကျတ်ပြတ်ဘုရားငုတ်တိုရှိရာကုန်း၌ ဦးခန္တီ ၏ ဟင်္သာကုန်းဘုရားကို တည်ခဲ့သည်။ ဤဘုရားနှင့် ရွှေမော်ဓောစေတီကို ယခုတိုင် တွေ့မြင်နေရသော သံစောင်းတန်းကြီးဖြင့် ဦးခန္တီ ဆက်သွယ်ပေးခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြောင့် ဟင်္သာကုန်းဘုရား စောင်းတန်းများ ချို့ယွင်းပျက်စီးခဲ့ပါ သည်။ ဂျပန်စစ်လေယာဉ်ပျံများ၏ စစ်သေနတ်ဒဏ်ဖြင့် ပေါက်ပြဲသည့်အမိုးများကို အေဒီ ၁၃၅၁ ခုနှစ်တိုင်အောင် အစားထိုးမပြုပြင်နိုင်ခဲ့ပါ။
ပဲခူးမြို့၊ ဟင်္သာကုန်းစေတီတော်မြတ်ကြီး၏ ဒါယကာ
သာသနဟိတဓဇနာယက ရသေ့ကြီး ဦးခန္တီ ၏
ထေရုပ္ပတ္တိအကျဉ်း
အမည် | ဦးကျော်မောင် |
ငယ်အမည် | မောင်ဖိုးမောင် |
ခမည်းတော်/မယ်တော် | ဦးရွှေလှ+ဒေါ်ကံ (ခ)ဒေါ်ခိုဥ |
မွေးသက္ကရာဇ် | ၁၂၂၉ ခုနှစ်၊ ၀ါခေါင်လဆုတ်(၅)ရက် တနင်္လာနေ့ |
မွေးဇာတိ | မန္တလေးတိုင်း၊ တပ်ကုန်းမြို့နယ် ရွာသာယာရွာ |
သာမဏေ/ရဟန်းပြုခြင်း | ၁၂၄၂ ခု၊ ရမည်းသင်းမြို့နယ် သိမ်ကုန်းရွာ၊ ကျောင်းမကျောင်းဆရာတော် ထံ၌ရှင်ခန္တီ ဘွဲ့ဖြင့် သာမဏေ၀တ်ပြီး ၁၂၄၉ ခုနှစ်တွင်ထိုကျောင်း၌ပင် ဦးခန္တီ ဘွဲ့တော်ဖြင့် ရဟန်းပြုသည်။ |
ရသေ့အသွင်ပြောင်းခြင်း | ရဟန်းဝါ (၁၂)ဝါရပြီးနောက် ၁၂၆၁ ခုနှစ် တွင် သာသနာပြု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရသေ့အသွင် ကူးပြောင်းသည်။ ရသေ့ဘွဲ့ မှာလည်း ဦးခန္တီ ဖြစ်သည်။ |
ကုသိုလ်တော်များ | မန္တလေးမြို့နှင့် မန္တလေးတောင်တော်အပါ အ၀င် မြို့ (၂၂)မြို့၌ ကုသိုလ်တော် (၅၁)ဌာန တည်ထားပူဇော်တော်မူခဲ့သည်။ |
ဟင်္သာကုန်းစေတီတည်သည့်နှစ် | ၁၂၈၅ ခုနှစ် (ခရစ် – ၁၉၂၃) |
ခန္ဓာ၀န်ချသည့်ခုနှစ် | ၁၃၁၀ ပြည့်၊ ပြာသိုလဆုတ် (၁၅)ရက် သောကြာနေ့ (၂၈-၁-၁၉၄၉) |
ခန္ဓာ၀န်ချသည့် သက်တော် | (၈၂) နှစ် |
ခန္ဓာ၀န်ချသည့်ဒေသ | မန္တလေးတောင်တော် (စျာပနကို ၂ နှစ်ထားရှိ ပူဇော်သည်။) |