ပြည် ဩဂုတ် ၂၄ =============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ဩဂုတ်လ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာနှင့် မိန်းမရဲကျေးရွာတို့၌ ဆီထွက်သီးနှံ မိုးနေကြာ(စပ်မျိုးနေကြာ-၁)နှင့် (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ် စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးနေကြာအပြင် ဆောင်းနေကြာအား အောင်မြင်ဖြစ်ထွန်းနိုင်သည့် မြေနေရာ၊ ရာသီဥတုနှင့် ကိုက်ညီသည့် နေရာများရှာဖွေ၍ တိုးချဲ့စိုက်ပျိုး သွားရန်၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေး မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး အသိ ပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့နယ်၊ တီတွတ် ကျေးရွာအနီး မွေးမြူရေးဇုံ အကောင်အထည်ဖော်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့ရာ …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အထူးကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်း ဆိုင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေးခဲ့
ပဲခူး ဩဂုတ် ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဩဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အထူးကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဉ်ဆေးဝါး(၁)လစာ အခမဲ့ထောက်ပံ့ပေးလျက်ရှိကာ …
Read More »ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ခရီးသွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး ဩဂုတ် ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ဒေသဆိုင်ရာခရီးသွားလု်ပငန်းကော်မတီ အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလု်ပငန်းကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလု်ပငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသထွက်ကုန်များ၊ ဒေသအစားအစာများ၊ တောတောင်ရေမြေသဘာဝနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသစ်များ ဖော်ထုတ် ဆောင်ရွက်သွားရန် လိုအပ်သလို ရာသီအလိုက်ပွဲတော်များ ကျင်းပသွားရန် လိုအပ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ခရီးသွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် လိုအပ်သလို မြို့ပြသန့်ရှင်းသာယာလှပရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး သည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပွဲတော်များ၊ တိုင်းရင်းသားရိုးရာ အစားအစာများ၊ တိုင်းရင်းသားကျေးရွာတို့၏ လူနေမှုဓလေ့စရိုက်များအား ပြန်လည်ဖော်ထုတ်၍ ခရီးစဉ်အသစ်များ ထပ်မံချဲ့ထွင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသို့ လာရောက်လည်ပတ်မည့် …
Read More »မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချခြင်းဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့် သံရည်ကျိုပုံသွန်းလောင်းသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး ဩဂုတ် ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ရွာသစ်ကိုင်းတာကျေးရွာ၌ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချခြင်းဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့် သံရည်ကျိုပုံသွန်းလောင်းသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မြန်ဆန်စွာအကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လူမှုစီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရေးအတွက် ဒေသန္တရစီမံကိန်းများ ရေးဆွဲထားရှိပြီးဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ရည်ရွယ်၍ ယခုလို သံရည်ကျိုပုံသွန်းလောင်းသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး သံရည်ကျိုခြင်း၊ ပုံလောင်းခြင်းများကို ခေတ်မီ …
Read More »ပဲခူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်/ ဘုန်းတော်ကြီးကျောင်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည့်ရှုအားပေး
ပဲခူး ဩဂုတ် ၁၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ တပ်မမှူးနှင့်အတူ ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်/ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှု ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်နှင့် မဇင်း ရပ်ကွက်၊ အနောက်ရွှေနံ့သာဘုန်းတော်ကြီးသို့ ရောက်ရှိခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်နေမှု၊ ရေကြီးနစ်မြှုပ်ခဲ့မှု ကြောင့် ပျက်စီးခဲ့သည့် လမ်း/တံတားများ အခြေအနေ၊ ရေထုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရန် ပြန်လည်ပြင်ဆင်ပေးရမည့် အခြေအနေများ၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရပ်ကွက်အတွင်း လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းနေမှု၊ ကွန်ကရစ်ဓါတ်တိုင်များ ပြန်လည်အစားထိုးဆောင်ရွက်နေမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ သန့်ရှင်းရေး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ဖြည့်ဆည်းပေး
ပဲခူး ဩဂုတ် ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အဆင့်မြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာရှိ ငါးညီနောင် အဆင့်မြင့်မွေးမြူရေးခြံသို့ရောက်ရှိခဲ့ပြီး (DYL) အသားတိုးဝက်ကောင်ရေ(၃၀၀၀)၊ ဥစားကြက် ကောင်ရေ(၁၀၀၀၀၀)နှင့် ငါးကောင်ရေ(၈၉၀၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး နေဗီယာမြက် တိုးချဲ့စိုက်ပျိုးရန်၊ ထုတ်လုပ်သည့် အသား/ငါး/ဥများ ဘင်းကင်းလုံခြုံသော အစာအစာဖြစ်စေရေး GAqP စနစ်အား အထူးအလေးလိုက်နာဆောင်ရွက်ရန်၊ တိရစ္ဆာန်အစားအစာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့် ငါးကန်ဘောင်တစ်လျောက် စီးပွားဖြစ်စားသုံးသီးနှံပင်များ စိုက်ပျိုးရန် လမ်းညွှန်မှာ ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကဝမြို့အဝင်၊ ပဲခူးမြစ်ကူး တံတားကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ဘေးတစ်လျောက် ရေကြီးနစ်မြှုပ်ခဲ့သည် လယ်မြေများတွင် အမြန်ဆုံး ရေပြန်လည်ကျဆင်းနိုင်ရေး …
Read More »တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသ ကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ရာဘာအခြေခံသည့် ကုန်ထုတ်လုပ်ငန်း များတွင် သွင်းကုန်အစားထိုး တန်ဖိုးမြှင့်ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် MSMEs လုပ်ငန်းများအတွက် ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ပြည့်စုံလုံလောက်စွာရရှိရေး ချိတ်ဆက်ဆောင်ရွက် ပေးရန်နှင့် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး …
Read More »ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းခဲ့ပြီဖြစ်၍ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ခဲ့သည့် အများနှင့် သက်ဆိုင်သောနေရာများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်း သန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဩဂုတ် ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး တို့နှင့်အတူ ဩဂုတ်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ အတွင်း ရေများပြန်လည်ကျဆင်းခဲ့ပြီဖြစ်၍ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့သည့် အများနှင့်သက်ဆိုင် သော စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်းများသို့ ရောက်ရှိခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ကျောင်းသုံး ပရိဘောဂများ အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးရန်၊ စာသင်ကျောင်းဝန်းကျင်သန့်ရှင်းရေးအပြင် စာသင်ခန်း များအလိုက် ပြန်လည်ဆေးကြောရန်၊ စာသင်ကျောင်းဘေးရှိ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး ပြန်လည်ဆေးသုတ်ခြင်းများ ဆောင်ရွက်ရန်၊ …
Read More »(၂၀၂၃)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရးရက်သတ္တပတ်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်
ပဲခူး ဩဂုတ် ၁၄ (၂၀၂၃)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရးရက်သတ္တပတ်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားအား ဩဂုတ်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူလူထု အသိပညာတိုးတက်စေရန် ရည်ရွယ်ကာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်မှာရှိသည့် လူသားအားလုံး မွေးဖွားလာစဉ်ကတည်းက အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရ မှီဝဲစားသုံးကြရမှာဖြစ်ကြောင်း၊ ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရန်နှင့် လူတစ်ဦး ချင်းစီ၏ ပျှမ်းမျှသက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ကျောင်းသားလူငယ်များကျန်းမာရေး အဆင့်အတန်း မြင့်မားရေးသည် အဓိကကျသောကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ …
Read More »ယာယီရေဘေးရှောင်ကယ်ဆယ်ရေးခစန်းများရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် ကူးစက်ရောဂါဖြစ်ပွားမှုမရှိ စေရေး အထူးအလေးထား ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး ဩဂုတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လု်ပငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)အား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုအခါ ပဲခူးမြစ်ရေသည် အချို့နေရာများတွင် ရေများ ပြန်လည်ကျဆင်းလျက်ရှိ နေပြီဖြစ်၍ အများနှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ အဆောက်အဦများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ လမ်းများကို ပထမဦးစားပေး သန့်ရှင်းရေးပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများတွင် ဝမ်းရောဂါအပါအဝင် အခြားကူးစက် ရောဂါများ မဖြစ်ပွားစေရေး ခြင်ဆေးဖြန်းခြင်း၊ လက်ဆေးဆပ်ပြာရည်နှင့် ရေကောင်းရေသန့်ရရှိစေရေး စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးရန်လိုအပ်ပြီး ယာယီရေဘေးရှောင်စခန်းများရှိ ကျန်းမာရေးဝန်ထမ်း များက ကျန်းမာရေးဆိုင်ရာအသိ ပညာပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပဲခူးဒေသတွင် (၃)နှစ်တစ်ကြိမ်ခန့် ရေကြီးခြင်းဖြစ်ပေါ် နေသဖြင့် ရေကြီးရခြင်း၏ အကြောင်းကိုရှာဖွေ၍ လိုအပ်ပါက …
Read More »