Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 50)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းဆွေးနွေးပွဲ ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၆ ========== ပဲခူမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ MSME Agency မွ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းဆွေးနွေးပွဲ ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ် ပေးသည့် MSMEs ဒေသထုတ် ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲနှင့် Talk Show စကားဝိုင်းများ ပြုလုပ်ပေးခြင်း အားဖြင့် MSMEs စီးပွားရေးလုပ်ငန်းရှင်များ၏ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို သိရှိပြီး လိုအပ်သည့်ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကမောင်းနှင်အားဖြစ်သော MSMEs လုပ်ငန်းအရေအတွက်မှာ စီးပွားရေးလုပ်ငန်းစုစုပေါင်း၏ (၉၉%) ဖြစ်ကြောင်း၊ MSMEs …

Read More »

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရဲဗလတံဆိပ် ချီးမြှင့်အပ်နှင်း ခြင်းခံရသူ (၂၆)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆင့်ချီးမြှင့်ဂုဏ်ပြု

ပဲခူး နိုဝင်ဘာ ၄ ===========================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရဲဗလဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)တွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဌာနဆိုင်ရာဝန်ထမ်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ်ချီးမြှင့်ခံရသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)(၁)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၁)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၈)ဦးနှင့် ရာအိမ်မှူး(၁၆)ဦး၊ စုစုပေါင်း(၂၆)ဦးအား ဆုတံဆိပ်များ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဒွါဒသမအကြိမ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၃ ========= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဒွါဒသမအကြိမ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပ ပြုလုပ်သည်။ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် များ၊ တိုင်းသံဃနာယအဖွဲ့ ဆရာတော်များ၊ တိုင်းဘ/ကဥက္ကဌဆရာတော်နှင့် မြို့နယ်သံဃနာယက ဆရာတော်များ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှဆရာတော်များ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နိုင်ငံတော် သြဝါဒါစရိယ ပဲခူးမြို့မစာသင်တိုက်ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ယင်းနောက်  နိုင်ငံတော်သြဝါဒါစရိယ ပဲခူးမြို့မစာသင်တိုက်ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် …

Read More »

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့် ဂုဏ်ပြုခြင်း အခမ်းအနား

ပြည် နိုဝင်ဘာ ၁ ===========================           ပြည်မြို့၊ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ အား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)၊ ဒေသကွပ်ကဲရေးမှူးတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ် ရဲဗလတံဆိပ်ချီးမြှင့်ခံရသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)(၁)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၁၁)ဦး၊ ရာအိမ်မှူး(၆)ဦး၊ ဆယ်အိမ်မှူး(၁) စုစုပေါင်း(၁၉)ဦးအား ဆုတံဆိပ်များ …

Read More »

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေ လိုက်လံကြည့်ရှုစစ်ဆေး

ပြည် အောက်တိုဘာ ၃၁ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့၊ တည်ဆောက်ရေး(၃)၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရားများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုအခြေအနေ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်များ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲအခြေအနေ အများနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် အခြေအနေများကို လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေး ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနတစ်ခုချင်းမှလည်း ကဏ္ဍအလိုက် ဆောင်ရွက်မှု အခြေအနေများအား ပြန်လည်တင်ပြပေးရန်၊ ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် သီးခြားလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် …

Read More »

ပြည်မြို့၊​လေးဆူဓါတ်​ပျော် ​ရွှေဆံ​တော်​စေတီ​တော်မြတ်ကြီး ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲ​တော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပြည် အောက်တိုဘာ ၃၁ ===============           ပြည်မြို့၊​လေးဆူဓါတ်​ပျော် ​ရွှေဆံ​တော်​စေတီ​တော်မြတ်ကြီး ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲ​တော်နှင့် ဆွမ်းဆန်စိမ်း ​လောင်းလှူခြင်း ဖွင့်ပွဲအခမ်းအနားအား အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက အဆိုပါစေတီ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင် ပြည်သူများက ကြွရောက်လာသည့် ဆရာတော်(၁၀၈)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ အောက်တိုဘာ ၃၀ ========================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ(၃၀) ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု ရှိ ဆင်းသုခမျိုးစေ့ထုတ်စံပြစိုက်ခင်း မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည့် သုံးဆယ် ဆည်ရေသောက်၊ လက်တံမြောင်းမကြီး၊ ရေပေးမြောင်းလက်တံ(၁)နှင့် ဦးသန်းရေတံခါး ရေသွယ်မြောင်း သဲနှုန်းတူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်မည့် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်မည်ဖြစ်၍ ဒေသခံတောင်သူများအတွက် အကျိုးရှိသောလုပ်ငန်းဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ကညင်ပင်ကျေးရွာ မြောက်ဘက် ကုန်ထုတ်လမ်း …

Read More »

ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး အောက်တိုဘာ ၂၈ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံအစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းဝေး အမှတ်စဉ်(၈/၂၀၂၂)အား ကျင်းပပြုလုပ်ရာ စက်မှုဇုန်များအတွင်း မြေလပ်မရှိ စက်ရုံများတည်ဆောက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမျာ၏ အခွန်ငွေများဖြင့် တိုင်းပြည်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေရသည့်အပြင် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကိုလည်း များစွာအထောက်အကူဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေးနှင့် ထုတ်ကုန်တိုးမြှင့်နိုင်ရေး သတ်မှတ်ကာလအတွင်း စက်ပစ္စည်းများအား သွင်းကုန်အခွန်ကင်းလွတ်ခွင့်များ ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ထပ်မံလာရောက် ရင်းနှီးမြှုပ်နှံလိုသူများအတွက် မိမိတို့တိုင်းဒေသကြီးအတွင်း လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်မှု၊ အလုပ်ရှင်အလုပ်သမားပြဿနာ ကင်းရှင်းမှု၊ မြေနေရာကျယ်ဝန်းမှု၊ လမ်းပန်းဆက်သွယ်ရေး …

Read More »

မြို့တိုင်း Clean City, Green City ဖြစ်စေရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး အောက်တိုဘာ ၂၉ ===================‌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၈) ရက်နေ့၊ မွန်းလွဲပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိများနှင့် တွေ့ဆုံ၍ မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့တစ်မြို့၏ပြယုခ်သည် ယင်းမြို့၏ သန့်ရှင်းသာယာလှပခြင်းနှင့်အတူ မြို့နယ်စည်ပင်အမှုဆောင်အရာရှိတို့၏ အရည်အချင်းပေါ်တွင် များစွာ မူတည်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး သန့်ရှင်းသာယာလှပစေရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးလု်ပငန်းများသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်၍ စေတနာထား ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ရန်ကုန်-ပြည်ကားလမ်း ဖြတ်သန်းရာမြို့များတွင် လမ်းဘေးပလက်ဖောင်းများ ပြန်လည် ဖော်ထုတ်ခြင်း၊ ကျူးကျော်များရှင်းလင်းခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်သွားရမည့် အပြင် ကားလမ်းများ ရေဆေးခြင်းနှင့်အတူ ဆေးသုတ်ခြင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ မြို့အဝင်/အထွက်နေရာများတွင် လမ်းညွှန်ဆိုင်းဘုတ်များအား မြန်မာ/အင်္ဂလိပ် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၈ ================           ပဲခူးတိုင်းဒေသကြီးအတွင်း MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာ လ (၂၇)ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် ရေ၊မြေ အခြေခံ ကောင်းများပိုင်ဆိုင်ထားပြီး ဒေသအလိုက် နာမည်ကြီးသည့် ဒေသထွက်ကုန်များရှိကြောင်း၊ ဒေသထွက်ကုန် များတွင် လူသုံးကုန်၊ စားသုံးကုန်နှင့် အခြားစက်မှု၊လက်မှုထုတ်ကုန်များပါရှိကြောင်း၊ အဓိကအားဖြင့် စားသုံးကုန်များသည် နာမည်ကြီးသော်လည်း ပြည်ပသို့တင်ပို့နိုင်သည့် ထုပ်ပိုးမှုစနစ်များ လိုအပ်လျက်ရှိ ကြောင်း၊ အရသာကောင်းမွန်သော်လည်း ထုပ်ပိုးမှုစနစ် ခေတ်မီအောင် ပြောင်းလဲနိုင်မှသာ ကောင်းမွန်ပြီး ရေရှည်တည်တံ့သည့် ဈေးကွက်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သော နည်းပညာများ၊ ထုပ်ပိုးသည့်စက်ပစ္စည်းများနှင့် အခြားချိတ်ဆက်ဆောင်ရွက်ပေးရမည့် ကဏ္ဍများအား စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးမြို့တန်ဆောင်တိုင်မီးထွန်းပွဲကာလတွင် ဒေသထွက်ကုန်အရောင်းပြခန်းများ ထည့်သွင်းသွားမည်ဖြစ်၍ …

Read More »