Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 88)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူမြို့နယ် မိုးယွန်းကြီးအင်း ငါမျိုးစိုက်ထည့်ခြင်း အခမ်းအနား တက်ရောက်

ပဲခူး ဩဂုတ် ၁၈ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၁၈) ရက်နေ့ နံနက်ပိုင်းက  ပဲခူမြို့နယ် မိုးယွန်းကြီးအင်း ငါမျိုးစိုက်ထည့်ခြင်း အခမ်းအနား တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်ရှိ မိုးယွန်းကြီးအင်း(ဘေးမဲ့တော) အတွင်းသို့  ဒေသငါးမျိုးများဖြစ်သော ၂လက်မအရွယ်ရှိ ငါးခေါင်းပွငါးကောင်ရေ(၇၀၀၀၀) ငါးခုံးမငါး ကောင်ရေ(၈၀၀၀၀)၊ ငါးဖယ်အောင်း ငါးကောင်ရေ(၅၀၀၀၀) ငါးသိုင်းခေါင်းပွ ငါးကောင်ရေ(၅၀၀၀၀) စုစုပေါင်း ကောင်ရေ(၂၅၀၀၀၀) မျိုးစိုက်ထည့်ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် မိုးယွန်းကြီးအင်း ရှင်းလင်းဆောင်၌ မိုးယွင်းကြီး၏ ဒေသဆိုင်ရာအချက်အလက်များအား စခန်းတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့ရာ မိုးယွန်းကြီးအင်း တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်မှု၊ ကျူးကျော် စိုက်ပျိုးမှုမရှိစေရေး၊ တရားမဝင် မြေပြုပြင် ဆောင်ရွက်မှုမရှိစေရေး၊ ရှော့တိုက်ငါးဖမ်းခြင်း မရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၁၄ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆေးရုံလမ်းနှင့် ညွှန့်ရုပ်ရှင်ရုံ လမ်းအကြား အုတ်ရေမြောင်းနှင့် ပလက်ဖောင်းခင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ ရွှေမော်ဓောဘုရားလမ်း (ရန်ကုန်-မန္တလေးလမ်းနှင့်ဗန္ဓုလလမ်းအကြား) နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ (၃၁)လမ်း ကွန်ကရစ်ခင်းခြင်း၊ အုတ်ရေ မြောင်းနှင့် ပလက်ဖောင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ဇိုင်းဂနိုင်း မြောက်ပိုင်းရပ်ကွက်၊ ပဲခူးမြစ်ဘေး ပန်းခြံ အဆင့်မြှင့်ဆောင်ရွက်နိုင်ရေးကိုလည်းကောင်း၊ သမိန်ဗရမ်းလမ်း သွယ်(စိန်သရဖူဂိုဒေါင်လမ်း) ကွန်ကရစ် ခင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးလမ်း (ဗိုလ်အောင်ကျော်လမ်း) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်နေမှု …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ သွားရောက်ကြည့်ရှုအားပေး

သာယာဝတီ ၁၃ ဩဂုတ် ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ (၁၃)ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ မင်းလမ်းကျေးရွာ၊ တစ်ကွင်းတစ်ဆက်တည်း တောင်သူ(၁၅)ဦးပိုင် အဆင့်မြင့် စက်မှုလယ်ယာမြေ(၁၀၀)ဧကတွင်  တစ်ဧက တင်း(၁၀၀) ထွက်ရှိရေး ဒေသခံတောင်သူလယ်သမားများနှင့်တွေ့ဆုံ၍ ဓါတ်မြေဩဇာအိတ်များ ထောက်ပံ့ ပေးခဲ့ကာ ကောက်စိုက်စက်ဖြင့် ကောက်စိုက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ကျေးလက်လမ်းဦး စီးဌာနမှ တိုင်းဒေသကြီးဘတ်ဂျက် ငွေကျပ်(၆၃၁.၂)သန်းဖြင့် ဆောင်ရွက်နေသည့် လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ် ချိတ်ဆက်ထားသည့် တောင်ကြို့ကုန်းလမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းသည် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေင်း သာယာဝတီခရိုင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဩဂုတ် ၁၂ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သာယာဝတီခရိုင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့အဝင် မီးနင်းချောင်း လုံခြုံရေးနှင့်ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးနှင့် စစ်ဆေးရေးအထောက်အကူပြုပစ္စည်းများ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်းကြော ပိတ်ဆို့မှုမရှိစေရေး လမ်းညွှန်မှာကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် သာယာဝတီ ဆေးရုံအတွက် တည်ဆောက်ပြီးစီးသည့် Oxygen Plant မှ အောင်စီဂျင်ထုတ်လုပ်နေမှုအား ကြည့်ရှုခဲ့ပြီး အောက်စီဂျင်ထုတ်လုပ်မှု ပြတ်တောက်ခြင်းမရှိစေရေး 200 KVA ထရန်စဖော်မာ တပ်ဆင်ပေးရန် ဖြည့်ဆည်းပေးခဲ့ပြီးနောက် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဘက်ဂျတ်ဖြင့် တည်ဆောက်နေသည့် Oxygen Plant …

Read More »

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၆/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၀ ===========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၆/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာများအထိ လိုက်နာရန် အရေးကြီးကြောင်း၊ မြို့နယ်အလိုက် ဆေးရုံများတွက် ကုသရေးစင်တာများတိုးချဲ့နိုင်ရေး ကုတင်လိုအပ်ချက်၊ အဆောက်အဦ လိုအပ်ချက်နှင့် အောက်စီဂျင်ပိုက်လိုင်းများ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်းကြည့်ရှု

ပဲခူး ဩဂုတ် ၉ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့် အတူ ဩဂုတ်လ(၉) ရက်နေ့၊ နံနက်(၉:၃၀)အချိန်က သနပ်ပင်မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာရှိ ဦးဝင်းထိုက်မောင်၏ ဥစားဘဲကောင်ရေ(၂၅၀၀၀)နှင့် ဘဲသားပေါက်ကောင်ရေ(၆၅၀၀)မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ပြီး ဒေသတွင်း စားသုံးမှုဖူလုံစေရေး၊ ဈေးကွက်ခိုင်မာမှုရရှိစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန် စေရေးနှင့် တိရိစ္ဆာန်အစာများ တစ်ပိုင်တစ်နိုင်ထုတ်လုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဘဲမွေးမြူရေးခြံအတွင်းရှိ ဘဲသားဖောက်စက် လည်ပတ်နေမှုအား ကြည့်ရှုခဲ့ သည်။           ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကမာစဲကျေးရွာရှိ နန်းအိလှိုင် အသားတိုး ကြက်မွေးမြူရေးခြံနှင့် ဦးမောင်ဦး၏ ဧက(၆၀)ငါးမွေးမြူရေးကန်သို့ ရောက်ရှိခဲ့ပြီး တိရိစ္ဆာန်အစာများ တန်ဖိုးသင့်နှုန်းထားဖြင့်ရရှိနိုင်ရေးနှင့် တွက်ချေကိုက်ဈေးကွက်တစ်ခုရရှိစေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အောက်စီဂျင်(၄၀)လီတာ အိုးများ ထပ်မံရောက်ရှိနေမှုအား သွားရောက်ကြည့်ရှု

ပဲခူး ၈ ဩဂုတ် ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၈) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ ထပ်မံရောက်ရှိလာသည့် အောက်စီဂျင် (၄၀)လီတာအိုးများအား တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ မြို့နယ်များသို့ ဖြန့်ဝေပေး နိုင်ရေး သယ်ဆောင်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းသည် ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းမှ စတင်ဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အောက်စီဂျင်(၄၀) လီတာအိုးစုစုပေါင်း(၂၃၂၀)လုံး မှာယူထားရှိပြီး ဩဂုတ်လ (၈)ရက်နေ့အထိ အောက်စီဂျင်(၄၀)လီတာ (၁၃၇၀)လုံး ရောက်ရှိပြီးဖြစ်ရာ မြို့နယ်များသို့ အချိန်မီ ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရှိရသည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၏ ဦးဆောင်လမ်းညွှန်မှု ဖြင့် Oxygen Plant စက်များ တပ်ဆင်ပေးလျက်ရှိရာ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင်  Oxygen …

Read More »

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အစည်းအဝေး (၂/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၇ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်မ၌ ဩဂုတ်လ(၇) ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အစည်းအဝေး (၂/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း နှစ်စဉ် ရေကြီးရေလျှံဖြစ်ပေါ်သည့် မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာအလိုက် မြစ်ရေကြီးမှုသတိပေးချက်များနှင့် ကြိုတင်ကာကွယ်ရေး အသိပေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် မြစ်/ချောင်းနား နေထိုင်သူများ အချိန်မီသိရှိရန် လိုအပ် ကြောင်း၊ ရွှေကျင်မြို့အဝင် ကားလမ်းသည် နှစ်စဉ်ရေကျော်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် ရေကျော်သည့်လမ်းပိုင်းအား လမ်းတာဘောင်နှင့် လမ်းသားမြှင့်တင်နိုင်ရေး တွက်ချက်တင်ပြရန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရေကြီးနစ်မြှုပ်လေ့ရှိသည့် ရွှေကျင်မြို့နယ်သို့ ဆန်အိတ်(၃၀၀)၊ ဆီပိဿာ (၅၀၀)နှင့် ဆားပိဿာ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များ၊ ရပ်မိ/ရပ်ဖများ တွေ့ဆုံ

ပဲခူး ဩဂုတ် ၇ ===============           ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ်လ(၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များ၊ ရပ်မိ/ရပ်ဖများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တတိယ လှိုင်း စတင်ဖြစ်ပွားခဲ့သည့် ဇွန်လမှစ၍ မိမိတို့တိုင်းဒေသကြီးအတွင်း အောက်စီဂျင်လိုအပ်မှုများ မြို့နယ် အလိုက်ရှိခဲ့ကြောင်း၊ ၎င်းအခြေအနေကို ကျော်လွှားနိုင်ရန် စိန်ခေါ်မှုအမျိုးမျိုး၊ အခက်အခဲများကြားမှ အချိန်တိုအတွင်း အောက်စီဂျင်အိုးများမှာယူ ဖြည့်ဆည်းပေးခြင်း၊ Oxygen Plant စက်အသစ်များ ဝယ်ယူ တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သည့် Liquid Oxygen Station တည်ဆောက်ခြင်း ရပ်နားနေသည့်အခြေအနေမှ စက်တည်ဆောက်ခြင်းမှအစ Liquid …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း Myanmar New Hope Farms Co., Ltd ၏ တိရိစ္ဆာန် မွေးမြူရေးအစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှု

ပဲခူး ဩဂုတ် ၆ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၆) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ပြည်ပစက်မှုဇုန်နယ်မြေတွင် တည်ဆောက်ထားသည့် Myanmar New Hope Farms Co., Ltd ၏ တိရိစ္ဆာန် မွေးမြူရေးအစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။           ရှေးဦးစွာ   Myanmar New Hope Farms Co., Ltd ဧည့်ခန်းမ၌ မန်နေးဂျင်းဒါရိုက်တာ Mr. Wu Mao Lin က မိမိတို့စက်ရုံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုအားပေးခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့ကုမ္ပဏီသည် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ပဲခူးဒေသတွင် လာရောက်ရင်းနှီးမြှုပ်နှံနေခဲ့ခြင်းဖြစ်ပြီး လက်ရှိအနေဖြင့် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး အစာစပ်လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများအဖြစ် ရပ်တည်လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုမ္ပဏီ၏အဓိကရည်ရွယ်ချက်မှာ ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များ သင့်တင့်သည့်ဈေးနှုန်း …

Read More »