ပဲခူး ဖေဖော်ဝါရီ ၉
===========================

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဖေဖော်ဝါရီလ(၉) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် အိမ်သုံးအလှကုန်နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်သည့် သင်တန်းဆင်းပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သနပ်ခါးပေါင်ဒါ၊ သနပ်ခါးခဲ၊ Lotion ၊ Hearbal Shampoo ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာများ သင်ကြားပေးခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မိသားစုများအား တစ်ဘက်တစ်လမ်းမှ ဝင်ငွေတိုးတက် ရရှိစေရန်၊ ကိုယ်ပိုင်လုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သင်ကြားပေးရခြင်းဖြစ ်ကြောင်း၊ သင်တန်းသူ များအနေဖြင့် မိမိတို့၏ သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များအား အခြားတပ်ဖွဲ့ဝင်မိသားစု များသို့လည်း ဖြန့်ဝေပေးသွားရန် လိုအပ်ပြီး ဒေသထွက်ပစ္စည်းများဖြင့် ထပ်မံတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သနပ်ခါးပေါင်ဒါ၊ သနပ်ခါးခဲ၊ Lotion ၊ Hearbal Shampoo ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်း တပ်ဖွဲ့ဝင် မိသားစုများအား သင်တန်းဆင်း လက်မှတ်နှင့် သင်တန်းထုတ်ကုန်ပစ္စည်းများအား ပေးခဲ့ရာ၊ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းထုတ်ကုန်ပစ္စည်းများ ခင်းကျင်း ပြသထားရှိမှုအား လှည့်လည်ကြည့်ရှု၍ သင်တန်းနည်းပြဆရာမအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသူများနှင့် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သနပ်ခါးပေါင်ဒါ၊ သနပ်ခါးခဲ၊ Lotion ၊ Hearbal Shampoo ထုတ်လုပ်မှုနည်းပညာ သင်တန်းနှင့် Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖေဖော်ဝါရီလ (၂)ရက်နေ့မှ ဖေဖော်ဝါရီလ(၉)ရက်နေ့အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မိသားစု(၂၀)ဦးအား သင်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website