ပဲခူး စက်တင်ဘာ၂၉
=========================
အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်တင်ဘာလ (၂၉)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဦးဆောင်၍ စုပေါင်းသွေးလှူဒါန်းပွဲ ပထမနေ့အား ကျင်းပပြုလုပ်သည်။
သွေးလှူဒါန်းပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၃၉)ဦး၊ အမှတ်(၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်(၁၃)ဦး၊ အမှတ်(၃)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်(၆)ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင်(၅၈)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းပေးသည့် ရဲတပ်ဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က လိုက်လံ ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာအဖြစ် ကြက်ဥ၊ အားဆေး၊ ငှက်ပျောသီးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
				


