ပဲခူး ဖေဖော်ဝါရီ ၁၁
===========

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူ ဒါန်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ(၁၁) ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ကုတင်(၅၀၀)ဆန့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည်။
အဆိုပါသွေးလှူဒါန်းခြင်း အခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲနှင့် ပဲခူးခရိုင်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်(၂၅)ဦးနှင့် တပ်ဖွဲ့ဝင်မိသားစု(၁၀)ဦး စုစုပေါင်း(၃၅)ဦးတို့မှ စုပေါင်း သွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်နှင့် ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းချွန်တို့က လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြစ်စေသည့် ကြက်ဥ၊ မုန့်များနှင့် အချိုရည်ဗူးများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website