ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန
မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန
ပဲခူးတိုင်းဒေသကြီးရုံး၊ပဲခူးမြို့
နိဒါန်း
၁။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးရုံး၊ပဲခူးမြို့သည် ညွှန်ကြားရေးမှူးရုံး(အောက်မြန်မာပြည် ဌာနခွဲ)၏ လက်အောက်ခံရုံးတစ်ရုံးဖြစ်ပါသည်။ပဲခူးတိုင်းဒေသကြီးရုံး၊ပဲခူးသည် ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်အဆင့်ရှိသောရုံး
( ၄ )ရုံး၊ မြို့နယ်အဆင့်ရှိ ရုံး( ၂ )ရုံးနှင့်တိုင်းထွာရေးစခန်း ( ၁၁ )ခု၊စုစုပေါင်း စခန်း( ၁၇ )ခုတို့၏ စီမံရေးရာ၊ ၀န်ထမ်းရေးရာ၊ ငွေစာရင်းဆိုင်ရာလုပ်ငန်းများ ငွေလုံးငွေရင်းနှင့်သာမန်ပြင်ထိန်း လုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်လျှက်ရှိပါသည်။
ရည်ရွယ်ချက်
၃၊ ( က ) သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ။
( ခ ) ကုန်းလမ်း၊ရေလမ်း၊လေကြောင်းလမ်း ခရီးသွားလာမှု လုံခြုံချောမွေ့စေရေး ။
( ဂ ) နိုင်ငံတော်၏ စားနပ်ရိက္ခာထုတ်လုပ်မှု ပိုမိုတိုးတက်စေရန် အထောက်အကူပြုရေး။
( ဃ ) နိုင်ငံတော်၏ အထူးစီမံကိန်းနှင့် လုပ်ငန်းကြီးများအတွက် အထိရောက်ဆုံးအထောက်
အကူပြုရေး။
( င ) ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတများ ကာလရှည်ကြာစွာထုတ်ယူအသုံးပြုရေး
( စ ) ဌာန၏လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် သုတေသန၊ ပညာပေးနှင့် နိုင်ငံ
တကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ။
ဖွဲ့စည်းပုံ
၄။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံးနှင့် ကွပ်ကဲမှုလက်အောက်ခံခရိုင် / မြို့နယ် / စခန်းများဟူ၍ အဖွဲ့အစည်း( ၂ )ရပ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။ပဲခူးတိုင်းရုံးဖွဲ့စည်းပုံတွင် အရာထမ်း( ၂ )ဦး၊ အမှုထမ်း( ၁၂ )ဦး၊ ပေါင်း ( ၁၄ )ဦးဖွဲ့စည်းခွင့်ပြုထားပြီးလက်ရှိခန့်ထားပြီးအင်အားမှာ အရာထမ်း( ၂ )ဦး၊ အမှုထမ်း( ၃ )ဦး၊ တွဲဘက်၀န်ထမ်း( ၂ )ဦး၊ စုစုပေါင်း( ၇ )ဦး ဖြစ်၍ လစ်လပ်၀န်ထမ်းအင်အားမှာ အမှုထမ်း( ၉ )ဦးဖြစ်ပါသည်။ နောက်ဆက်တွဲ( က )ဖြင့်ဖော်ပြထားပါသည်။ ပဲခူးတိုင်းရုံးနှင့် လက်အောက်ခံ ရုံး/စခန်းများ၏ ဖွဲ့စည်းပုံတွင် အရာထမ်း( ၆ )ဦး၊အမှုထမ်း( ၈၆ )ဦး၊ ပေါင်း (၉၂ )ဖြင့်ဖွဲ့စည်းထားပြီး လက်ရှိခန့်ထားပြီး၀န်ထမ်းအင်အားမှာ အရာထမ်း( ၅ )ဦး၊ အမှုထမ်း( ၄၄ )ဦး၊ ပေါင်း ( ၄၉ )ဦးဖြစ်ပါသည်။လစ်လပ်၀န်ထမ်းအင်အားမှာ အရာထမ်း(၁ )ဦး၊ အမှုထမ်း( ၄၂ )ဦး၊ ပေါင်း ( ၄၃ )ဦးဖြစ်ပါသည်။
စခန်းများခရိုင်အလိုက်ဖွင့်လှစ်ထားရှိမှုနှင့်၀န်ထမ်းဦးရေ
၅။ ( က ) ပဲခူးခရိုင်
( ၁ ) မိုး/ဇလ(တိုင်းရုံး ) လ/ထညွှန်မှူး(၁ )၊ဦး / ရှိ(၁ )၊ဒုဦးစီး(၁)၊တိုင်း(၃)( ၄)ဦး ပေါင်း( ၇ )ဦး ။
( ၂ ) ရွှေကျင်၊ မိုး/ဇလ တိုင်း(၃ )(၂ )ဦး။
( ၃ ) ဇောင်းတူ၊မိုး/ဇလ ဒုဦးစီး( ၁ )၊တိုင်း- ၄ (၁ )၊ ပေါင်း( ၂ )ဦး။
( ၄ ) ညောင်လေးပင်၊ မိုး တိုင်း – ၃ ( ၂ )ဦး။
( ၅ ) မဒေါက်၊ ဇလဗေဒ တိုင်း – ၃ ( ၁ )၊တိုင်း – ၄(၁ )၊ ပေါင်း( ၂ )ဦး။
( ၆ ) စုစုပေါင်း အရာရှိ ( ၂ )ဦး၊ အမှုထမ်း( ၁၃ )၊ပေါင်း( ၁၅ )ဦး။
( ခ ) တောင်ငူခရိုင်
( ၁ ) တောင်ငူ၊မိုး/ဇလ ဦးစီးအရာရှိ( ၁ )၊ဒုဦးစီး( ၁ )၊တိုင်း-၃(၄)၊တိုင်း-၅(၂ )၊ ပေါင်း( ၈ )ဦး။
( ၂ ) ဖြူး၊မိုးလေ၀သ ဒုဦးစီးမှူး( ၁ )၊တိုင်း – ၄(၁ )၊ပေါင်း( ၂ )ဦး။
( ၃ ) တောင်ငူလေကြောင်း ဦးစီးအရာရှိ(၁ )၊ဒုဦးစီး( ၃ )၊တိုင်း-၃ ( ၃ )၊တိုင်း – ၄(၁ )
( မိုး လေ၀သ ) ပေါင်း ( ၈ )ဦး။
( ၄ ) အုတ်ဖြတ်၊ဇလဗေဒ တိုင်း – ၃ ( ၁ )ဦး။
( ၅ ) ရေနီ၊ ဇလဗေဒ တိုင်း – ၄ ( ၁ )ဦး။
( ၆ ) ဒိုးသောင်၊ဇလဗေဒ တိုင်း – ၄ ( ၁ )ဦး။
( ၇ ) စုစုပေါင်း အရာရှိ( ၂ )ဦး၊အမှုထမ်း(၁၉ )ဦး၊ပေါင်း( ၂၁ )ဦး။
( ဂ ) ပြည်ခရိုင်
( ၁ ) ပြည်၊မိုး/ဇလ ဦးစီးအရာရှိ(၁ )၊တိုင်း-၃ (၃ )၊ပေါင်း( ၄ )ဦး။
( ၂ ) လေးထပ်ပြင်(စိုက်/မိုး) တိုင်း – ၃ (၁ )၊တိုင်း-၄ (၁ )ဦး၊ ပေါင်း(၂ )ဦး။
( ၃ ) စုစုပေါင်း အရာရှိ( ၁ )၊အမှုထမ်း( ၅ )၊ပေါင်း( ၆ )ဦး။
( ဃ ) သာယာ၀တီခရိုင်
( ၁ ) သာယာ၀တီ၊(မိုး ) ဒုဦးစီးမှူး( ၁ )၊တိုင်း – ၃ (၂ )၊ ပေါင်း( ၃ )ဦး။
( ၂ ) ကြို့ပင်ကောက်၊(မိုး) တိုင်း- ၃ (၂ )ဦး။
( ၃ ) ခမုံဆိပ်၊ မိုး/ဇလ တိုင်း – ၃ ( ၂ )ဦး။တိုင်း- ၄(၁ )ဦး။
( ၄ ) စုစုပေါင်း အမှုထမ်း( ၈ )ဦး။
( င ) အားလုံးစုစုပေါင်း အရာရှိ( ၅ )ဦး၊ အမှုထမ်း( ၄၅)ဦး၊ပေါင်း( ၅၀ )ဦး။
လုပ်ငန်းဆောင်ရွက်မှုအခြေအနေ
၆။ ( က ) ပုံမှန်လုပ်ငန်းဆောင်ရွက်မှု။မိုး/ဇလညွှန်ကြားမှုဦးစီးဌာန၏ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
( ၁) ပဲခူးတိုင်းမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ပဲခူး၊မိုး/ဇလ(တိုင်းရုံး)အား
ညွှန်ကြားရေးမှူးရုံး(အောက်မြန်မာပြည်ဌာနခွဲ)ရန်ကုန်မြို့မှ တိုက်ရိုက်စီမံအုပ်
ချုပ်၍ ပဲခူး၊မိုး/ဇလ(တိုင်းရုံး)မှ ကွပ်ကဲမှုလက်အောက်ခံ ရုံး/စခန်းများ၏လစာ
နှင့်အထွေထွေအသုံးစရိတ်များကို လစဉ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှတဆင့်ဖက်စ်
ဖြင့် ပေးပို့ဆောင်ရွက်ခဲ့ပါသည်။
( ၂ ) ပဲခူး၊မိုး/ဇလ(တိုင်းရုံး)၏ ကွပ်ကဲမှုလက်အောက် ရုံး/စခန်းများ၏ လုပ်ငန်းများ
နှင့်ပတ်သက်၍ လိုအပ်ချက်များ/ တင်ပြချက်များရှိလာပါက တိုင်းရုံးအနေဖြင့်
ဆောင်ရွက်ပေးနိုင်သည့်ကိစ္စများအားဆောင်ရွက်ပေးခြင်းနှင့် ဆောင်ရွက်ခြင်းမ
ပြုနိုင်သောကိစ္စများအားညွှန်ကြားရေးမှူးရုံး(အောက်ြမန်မာပြည်ဌာနခွဲ)သို့တင်
ပြ၍ လမ်းညွှန်မှုများ ခံယူကာ လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။
( ၃ ) ပဲခူး၊မိုး/ဇလ(တိုင်းရုံး)အနေဖြင့်လစဉ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ရုံးချုပ်
မှထုတ်ပြန်သည် နေ့စဉ်၊ (၁၀)ရက်ပတ်၊ လပတ်မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်း
ချက်၊သတိပေးထုတ်ပြန်ချက်များနှင့်မြေငလျင်ဆိုင်ရာ သတင်းများကို သက်ဆိုင်
ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများသို့လည်းကောင်း၊ တိုင်းဒေသကြီးအတွင်း
ဖြစ်ပေါ်ခဲ့သည် မိုးလေ၀သနှင့်ဇလဗေဒ၊ မြေငလျင်ဆိုင်ရာ ထူးခြားဖြစ်စဉ်များ
အား ရုံးချုပ်နှင့် ေဒသအာဏာပိုင်အဖွဲ့အစည်းများသို့လည်းကောင်း အချိန်နှင့်
တစ်ပြေးညီ ပေးပို့တင်ပြအစီရင်ခံခဲ့ပါသည်။
( ခ ) အထူးလုပ်ငန်းဆောင်ရွက်ချက်များ
( ၁ ) မိုးလေ၀သနှင့်ဇလဗေဒဌာနအနေဖြင့် နေပြည်တော်၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ
သီးခြားညွှန်ကြားချက်အရ အခြားနိုင်ငံအဖွဲ့အစည်းများ၏ အထောက်အပံ့ဖြင့်
မိုး/ ဇလဆိုင်ရာ ကိရိယာများတပ်ဆင်ခြင်း ။
( ၂ ) ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရုံးနှင့် ကွပ်ကဲမှုအောက် ရုံး/ စခန်းများအတွက်
လိုအပ်သည့်အဆောက်အဦများအား တိုင်းဒေသကြီး၊အစိုးရ ငွေလုံးငွေရင်း ရံပုံ
ငွေဖြင့် ဆောက်လုပ်ခြင်း ၊ မွမ်းမံပြင်ဆင်ခြင်း ။
သတင်းထုတ်ပြန်ချက်များနှင့်သတိပေးချက်များ ထုတ်ပြန်ခြင်း။
၇။ နေပြည်တော်၊ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ရုံးချုပ်မှ ဒေသအလိုက်၊ ကာလအလိုက်လိုအပ်ချိန်တွင် အောက်ဖော်ပြပါ သတင်းထုတ်ပြန်ချက်များနှင့် သတိပေးချက်များအား
ထုတ်ပြန်ပေးပါသည် –
( က ) သတင်းထုတ်ပြန်ချက်များ
( ၁ ) နေ့စဉ် မိုးလေ၀သနှင့်ဇလဗေဒ ခန့်မှန်းချက် ။
( ၂ ) ၁၀ရက်ပတ် / လပတ် မိုးလေ၀သနှင့်ဇလဗေဒ ခန့်မှန်းချက်။
( ၃ ) မြစ်ရေ အနိမ့် / အမြင့် ခန့်မှန်းချက် ။
( ၄ ) မြစ်ရေအနိမ့်ဆုံးကျဆင်းနိုင်မည့် ခန့်မှန်းချက် ။
( ၅ ) မြစ်ရေအခြေအနေသတင်း ။
( ၆ ) မိုးရာသီအတွက် ယေဘူယျ ခန့်မှန်းချက်။
( ၇ ) မိုးဦး / မိုးလယ် / မိုးနှောင်းနှင့် လပတ် မိုးလေ၀သခန့်မှန်းချက်။
( ၈ ) မိုးဦး / မိုးလယ်/ မိုးနှောင်း မိုးရွာသွန်းမှုအခြေအနေထုတ်ပြန်ချက်။
( ၉ ) အနောက်တောင်မုတ်သုံလေ ၀င်ရောက်မှု / ဆုတ်ခွာမှုအခြေအနေ ။
( ၁၀ ) မြေငလျင်သတင်းထုတ်ပြန်ချက် ။
( ခ ) သတိပေးချက်များ
( က ) မုန်တိုင်းသတိပေးချက် ။
( ခ ) လေပြင်းတိုက်ခတ်မည့် သတိပေးချက် ။
( ဂ ) မိုးကြီးမည့်သတိပေးချက်၊
( ဃ) အချိန်အခါမဟုတ် မိုးရွာသွန်းမည့် သတိပေးချက် ။
( င ) မြစ်ရေကြီးမှု သတိပေးချက် ။
တိုင်းထွာရေးလုပ်ငန်းများ
၈။ ( က ) ပုံမှန်ဆောင်ရွက်သည်လုပ်ငန်းများ။ အစီရင်ခံသည်ကာလအတွင်း ပုံမှန်ဆောင်ရွက် ခဲ့သည် တိုင်းထွာရေးလုပ်ငန်း များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
( ၁ ) မိုးလေ၀သတိုင်းတာရေးလုပ်ငန်းအနေဖြင့် ပဲခူး၊မိုး/ဇလ(တိုင်းရုံး)နှင့် ကွပ်ကဲမှု
လက်အောက်ခံရုံး/စခန်း(၈)ခုမှ မှတ်တမ်းအချက်အလက်များကို နေပြည်တော်
ရုံးချုပ်နှင့်အောက်မြန်မာပြည်ဌာနခွဲများသို့နေ့စဉ်အချိန်မီ ပေးပို့ခဲ့ပါသည်။ ထို့
အပြင်ရုံးချုပ်၏ညွှန်ကြားချက်အရ အထူးတိုင်းထွာချက်များကို သတ်မှတ်ချိန်အ
တိုင်းပေးပို့ခဲ့ပြီးလချုပ်မှတ်တမ်းများကိုလည်းအောက်ြမန်မာပြည်ဌာနခွဲ၊ရန်ကုန်
သို့ ပေးပို့ခဲ့ပါသည်။နေပြည်တော်ရုံးချုပ်မှ ထုတ်ပြန်သည့် ခန့်မှန်းချက်/သတိ
ပေးချက်များကို အစိုးရအဖွဲ့ရုံး၀န်ကြီးချုပ်နှင့် သက်ဆိုင်ရာ၀န်ကြီးရုံးသို့ ပေးပို့
တင်ပြခဲ့ပါသည်။
( ၂ ) ဇလဗေဒတိုင်းတာရေးလုပ်ငန်းအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဧရာ၀တီ
မြစ်( ပြည်မြို့ )၊စစ်တောင်းမြစ်( တောင်ငူ၊မဒေါက် )၊ရွှေကျင်မြစ်( ရွှေကျင်)၊ ပဲခူး
မြစ်( ပဲခူး၊ ဇောင်းတူ )နှင့် ခပေါင်းချောင်း ( ခပေါင်း )ဇလဗေဒစခန်းများတွင်မြစ်
ရေအမှတ်နှင့်ရေအပူချိန်များကို တစ်နေ့လျှင်( ၃ )ကြိမ်တိုင်းတာ၍ နေပြည်တော်
ရုံးချုပ်(ဇလဗေဒဌာနခွဲ)သို့ပေးပို့ခဲ့ပါသည်။ မြစ်ရေကြီးချိန်ကာလများတွင် အထူး
တိုင်းတာချက်အနေဖြင့် တစ်နာရီတစ်ကြိမ်တိုင်းတာ၍ နေပြည်တော်ရုံးချုပ်
(ဇလဗေဒဌာနခွဲ)သို့ အချိန်မီသတင်းထုတ်ပြန်နိုင်ရေးအတွက် ပေးပို့တင်ပြခဲ့ပါ
သည်။ထို့အပြင် စစ်တောင်းမြစ်( ရေနီ / အုတ်ဖြတ် ) ၊မြစ်မခမြစ်( ခမုံဆိပ် ) /
သောက်ရေခပ်ချောင်း(ဒိုးသောင်)နှင့် ဖြူးချောင်း( ဖြူး) ဇလဗေဒစခန်းများ၏
မှတ်တမ်းများကိုလည်း နေ့စဉ်( ၃ )ကြိမ်တိုင်းတာ၍ လချုပ်မှတ်တမ်းအနေဖြင့်
ညွှန်မှူးရုံး( အောက်ြမန်မာပြည်ဌာနခွဲ )သို့ ပေးပို့ခဲ့ပါသည်။
( ခ ) အထူးဆောင်ရွက်သည့်လုပ်ငန်းများ
( ၁ ) မိုးလေ၀သနှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ်များဖြစ်ပေါ်ပါက ( ဉ ပမာ – မိုးရွာသွန်း
မှု စံချိန်သစ်တင်ခြင်း/ လေပြင်းတိုက်ခတ်ခြင်းများ) သက်ဆိုင်ရာတိုင်းရုံးနှင့် နေ
ပြည်တော်၊ညွှန်ကြားရေးမှူးချုပ်ရုံးသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြရ
ပါသည်။
( ၂ ) စခန်းများအလိုက်ရေကြီးရေမှတ်သို့နှင့်ရောက်ရှိသည်နှင့် တစ်နာရီလျှင် (၁ )ကြိမ်
ကျ မပျက်မကွက် တိုင်းထွာမှတ်တမ်းရယူ၍ နေပြည်တော် ညွှန်ချုပ်ရုံး၊ ဇလဗေဒ
ဌာနခွဲနှင့် အစိုးရအဖွဲ့ရုံး၊ အခြားဆက်စပ်ဌာနများသို့ အချိန်နှင့်တစ် ပြေးညီ သတင်းပို့ခြင်း / အကြောင်းကြား ခြင်းများ ဆောင်ရွက်ရပါသည် ။
တိုင်းဒေသကြီးအတွင်း အဓိကထား တိုင်းတာသောမှတ်တမ်းများနှင့် မြစ်ချောင်းများ
၉။ ( က ) အဓိကထားတိုင်းတာသော မှတ်တမ်းများ
( ၁ ) မိုးရေချိန် ( ၂ ) အမြင့်ဆုံးအပူချိန် ( ၃)အနိမ့်ဆုံးအပူချိန်
( ၄ ) နေပူရှိန် ( ၅ ) စိုထိုင်းဆ ( ၆)ရေငွေ့ပျံနှုန်း
( ၇ ) လေတိုက်နှုန်း ( ၈ ) လေတိုက်ရာအရပ် ( ၉) မြစ်ရေအနိမ့်အမြင့်
( ၁၀) မြစ်ရေအပူချိန် ( ၁၁ ) မြစ်ရေထုထည်စီးနှုန်း ( ၁၂ ) သဲနှုန်းစီးဆင်းမှု
( ခ ) မြစ်ချောင်းများအလိုက် တိုင်းထွာသည့် စခန်းများ
မြစ် / ချောင်း | စခန်းအမည် | မြစ် / ချောင်း | စခန်းအမည် |
ဧရာ၀တီမြစ် | ပြည်ခရိုင်၊ မိုး/ ဇလ | ရွှေကျင်မြစ် | ရွှေကျင်၊ မိုး/ ဇလ |
စစ်တောင်းမြစ် | ရေနီ/ တောင်ငူ /အုတ်ဖြတ်/
မဒေါက်
|
ပဲခူးမြစ် | ဇောင်းတူ (ဇလ)
ပဲခူး၊ မိုး/ ဇလ |
သောက်ရေခပ်ချောင်း | ဒိုးသောင် | မြစ်မခမြစ် | ခမုံဆိပ်၊ မိုး / ဇလ |
ကိရိယာ အသစ်များ တပ်ဆင်ထားရှိမှု
၁၀။ မိုးလေ၀သနှင့်ဇလဗေဒစခန်းများအလိုက်နေ့စဉ်ပုံမှန်တိုင်းထွာရန်အတွက် တပ်ဆင်ထားရှိသော
မိုးလေ၀သနှင့်ဇလဗေဒ တိုင်းထွာရေးကိရိယာများအပြင် ညွှန်ကြားရေးမှူးချုပ်ရုံး၊နေပြည်တော်၏ညွှန်
ကြားချက်အရ အခြားနိုင်ငံ / အဖွဲ့အစည်းများ၏ အထောက်အပံ့ဖြင့် အောက်ဖော်ပြပါ ကိရိယာများ
အား တပ်ဆင်ခဲ့ပါသည် –
( က ) A.W.O.S ( အလိုအလျောက် မိုးလေ၀သတိုင်းတာရေးကိရိယာ )တပ်ဆင်ခြင်း
( ၁ ) ဥဿာမြို့သစ်၊ ဂေါက်ကွင်းအနီးရှိ ပဲခူး၊မိုး/ဇလ(တိုင်းရုံး) ၀င်းအတွင်း၌ ဂျပန်
နိုင်ငံ(JICA)၏အထောက်အပံ့ဖြင့်(၄ – ၃ – ၂၀၁၆ )ရက်နေ့တွင် တပ်ဆင်ပြီးစီးခဲ့
ပါသည်။မှတ်တမ်းဖတ်ရှုခြင်းအား နေပြည်တော်၊ ညွှန်ချုပ်ရုံးမှ တိုက်ရိုက်ဆောင်
ရွက်ပါသည် ။
( ၂ ) တောင်ငူခရိုင်၊ မိုး//ဇလရုံးတွင် ဂျပန်နိုင်ငံ(JICA)၏အထောက်အပံ့ဖြင့်(၂၇ – ၃ – ၂၀၁၅ )ရက်နေ့တွင်
တပ်ဆင်ပြီး စီးခဲ့ပါသည်။
( ၃ ) သာယာ၀တီခရိုင်၊ မိုးလေ၀သစခန်းတွင် ထိုင်းနိုင်ငံအခြေစိုက် ၊( Rine ) အဖွဲ့
အစည်း၏အကူအညီဖြင့် စင်ကာပူနိုင်ငံထုတ်စက်အား တပ်ဆင်ခဲ့သော်လည်းနေ
ပြည်တော်၊ညွှန်ချုပ်ရုံး၊စိုက်ပျိုးရေး(ဆာဗာ)သို့ တိုက်ရိုက်ဆက်သွယ်ထား၍ဖတ်
မှတ်၍ မရပါ ။
( ၄ ) ပြည်ခရိုင်၊ မိုး/ ဇလဌာနတွင် မိုးလေ၀သဦးစီးဌာနဘတ်ဂျက်ဖြင့် AMIGOS
International ကုမ္ပဏီ (တရုပ် )စက်အား ( ၂၆ – ၁၁ – ၂၀၁၃ )ရက်နေ့တွင်တပ်
ဆင်ခဲ့သော်လည်း တွဲဘက်အသုံးပြုသည့် ကွန်ပျူတာ မော်နီတာမှာ( ၇ – ၄ – ၂၀၁၄ )ရက်နေ့တွင် ပျက်စီးချို့ယွင်းသွားသဖြင့် ဖတ်ရှုနိုင်ခြင်းမရှိပါ ။
( ခ ) T.W.L.M.S(Telemetry Water Level Monitoring System) ( အလိုအလျောက်
မြစ်ရေတိုင်းတာသောကိရိယာ ) တပ်ဆင်ခြင်း။ မြစ်ရေကြီးမှုကြိုတင်သတိပေးချက်များ
အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ ထုတ်ပြန်နိုင်ရေးအတွက် မိုးလေ၀သဦးစီးဌာန
– ၆ –
ဘတ်ဂျက်ဖြင့် ရွှေချမ်းသာကုမ္ပဏီမှ အောက်ဖော်ပြပါစခန်းများတွင် တပ်ဆင်ခဲ့ပါသည် –
( ၁ ) ပဲခူး၊ မိုး/ ဇလ(တိုင်းရုံး ) ၁၂ – ၅ – ၂၀၁၄။
( ၂ ) တောင်ငူခရိုင်၊ မိုး/ ဇလရုံး ၁၆ – ၅ – ၂၀၁၄။
( ၃ ) ရွှေကျင်၊ မိုး / ဇလရုံး ၂၇ – ၅ – ၂၀၁၄။
ဆက်သွယ်မှု
၁၁။ နေပြည်တော်ညွှန်ကြားရေးမှူးချုပ်ရုံးမှ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန Facebo-
ok Account အား ( ၁ – ၁ – ၂၀၁၅ )ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး Facebook Account https;// www.facebook. com/ dmhmoezalanaypyitaw သို့ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
၁၂။ ပဲခူး၊မိုး/ဇလ(တိုင်းရုံး)နှင့် ကွပ်ကဲမှုလက်အောက် ရုံး/ စခန်းများအနေဖြင့် အထက်ဌာနများနှင့်
အစိုးရအဖွဲ့ရုံး၊ သက်ဆိုင်ရာဒေသရုံးများနှင့် အခြားဌာနများသို့ ကြိုးဖုန်းဖြင့်လည်းကောင်း၊ဟန်းဖုန်း
ဖြင့်လည်းကောင်းဆက်သွယ်ဆောင်ရွက်ပါသည်။ပဲခူး၊ မိုး/ဇလ(တိုင်းရုံး)နှင့် ခရိုင်ရုံးများ၏ဖုန်းနံပါတ်
များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
( က ) ပဲခူး၊ မိုး/ ဇလ (တိုင်းရုံး ) ကြိုးဖုန်း ၀၅၂ – ၂၂ – ၂၁၀၉၅ ။
( ခ ) ပဲခူး၊ မိုး/ ဇလ(တိုင်းရုံး ) လက်/ညွှန်ဖုန်း ၀၉ – ၇၇၉၈၆၂၉၅၁ ။
( ဂ ) ပဲခူး၊ မိုး/ ဇလ(တိုင်းရုံး) ဦးစီးအရာရှိဖုန်း ၀၉ – ၂၅၀၂၀၇၂၆၂ ။
( ဃ ) တောင်ငူခရိုင်၊ မိုး/ဇလရုံး ကြိုးဖုန်း ၀၅၄ – ၂၃၀၂၀ ။
( င ) တောင်ငူခရိုင်။ ဦးစီးအရာရှိ ဖုန်း ၀၉ – ၇၉၉၂၁၅၂၉၂။
( စ ) ပြည်ခရိုင်၊ မိုး / ဇလရုံး ကြိုးဖုန်း ၀၅၃- ၂၄၁၁၃။
( ဆ ) ပြည်ခရိုင်၊ ဦးစီးအရာရှိ ဖုန်း ၀၉ – ၇၇၃၄၂၈၈၁၇။
( ဇ ) သာယာ၀တီခရိုင်၊ မိုးလေ၀သရုံးကြိုးဖုန်း ၀၅၅ – ၃၀၀၄၉ ။
( စျ ) သာယာ၀တီခရိုင်၊ စခန်းမှူး ဖုန်း ၀၉ – ၇၉၅၆၃၅၄၂၇ ။