သာယာဝတီ ဒီဇင်ဘာ ၃၀ သာယာဝတီမြို့၊ မိဘဘိုးဘွားအောအောက်မေ့ဘွယ်ခန်းမ၌ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက (၈၇)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ဖားစည်(၉)ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့အား အလံတိုင်ထိပ်သို့လွှင့်ထူကာ အခမ်းအနားတက် ရောက်လာကြသူများက အလေးပြုကြ သည်။ ထို့နောက် ယင်းနောက် သာယာဝတီမြို့နယ်၊ ဝါးနက်ကုန်းကျေးရွာ ဒုံးအဖွဲ့က “ တို့ကရင် နှစ်သစ်ကူး” သီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ကရင်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် စစ်မှန်သည့် ရိုးရာအမွေအနှစ်များကို မပျောက်မပျက် ထိန်းသိမ်းကာ ပြည်ထောင်စုစိတ်ဓါတ်ကို အခြေခံပြီး စည်းလုံးညီညွတ်စွာဖြင့် နေထိုင်သွားကြရန်” ကရင်သက္ကရာဇ် (၂၇၆၄) ခုနှစ်၊ မြန်မာသက္ကရာဇ် …
Read More »Yearly Archives: 2024
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးစီမံကိန်းအရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်
တောင်ငူ ဒီဇင်ဘာ ၂၄ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက “အသေးစားကုန်ထုတ်လုပ်ငန်း များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးစီမံကိန်း”ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနည်းပညာသင်တန်း ဖွင့်လှစ်ခဲ့မှုများမှ လုပ်ငန်းထူ ထောင်လုပ်ကိုင်မည့် သင်တန်းသူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြင့်မားရေး၊ မြို့ပြနှင့်ကျေးလက်ဒေသနေ ပြည်သူများ အလုပ်အကိုင် အခွင့်အခမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားရရှိလာစေ ရေး၊ တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်စေရေးနှင့် လူ့ စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြု သင်တန်းများကို ကျေးရွာများအဆင့်ထိ သင်ကြားပေးလျက်ရှိကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်တတိယမြောက် အရောင်းစင်တာအား တောင်ငူမြို့၌ ဖွင့်လှစ်
တောင်ငူ ဒီဇင်ဘာ ၂၃ တောင်ငူမြို့၊ (၁၆)ရပ်ကွက်၊ (၁)လမ်း၌ ပဲခူးတိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်အရောင်းစင်တာ ဖွင့်လှစ်ပွဲအား ဒီဇင်ဘာလ(၂၃) ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် အရောင်းစင်တာအတွင်း ခင်းကျင်း ပြသထားသည့် စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများအား လှည့်လှည်ကြည့်ရှုခဲ့ကြသည်။ ပဲခူးတိုင်းဒေကြီး အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များအား တစ်နေရာတည်း တစ်စုတစ်စည်းတည်းဖြင့် မူရင်း စျေးအတိုင်းဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကာ ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အရောင်းစင်တာသို့ စျေးဝယ်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို …
Read More »ကဝမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
ကဝ ဒီဇင်ဘာ ၂၄ ကဝမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်/ သက်တမ်းတိုးစနစ်ဖြင့် တင်ဒါခေါ်ယူခြင်း ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ရေး အသိပေး ကြေညာအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————-
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သိန္နီတံခါးပေါက်အနီးရှိ ဟံသာဝတီ မြို့ရိုး၊ တံခါးပေါက် ပြန်လည်ဖော်ထုတ်ထားရှိမှုနှင့် မြေယာအလှရှုခင်း၊ ကျုံးပတ်လမ်းဆောင်ရွက် ထားရှိမှု တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူများ အပန်းဖြေရင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တွေ့မြင်ခံစားသိရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်၍ စဉ်ဆက်မပြတ် ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် လိုအပ်သည့်နေရာတွင် သတိပေးဆိုင်းဘုတ်များတပ်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟံသာဝတီရှေးဟောင်းမြို့ရိုးနှင့် တောင်ငူ တံခါးပေါက် ပြန်လည်ဖော်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ရိုးအုတ်စီအုပ်သားများ ပျက်စီးမှု မရှိစေရေး စနစ်တကျဖော်ထုတ်သွားရန်၊ တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများအား ပစ္စည်းအမျိုးအစား …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူတည် ဆောက်လျက်ရှိသော ကဝမြို့နယ်၊ ပဲခူး-သနပ်ပင်-ခရမ်း-သံလျင်လမ်း၊ မိုင်တိုင်(၁၉/၂)-(၁၉/၃)ကြားရှိ တံတားအမှတ်(၁/၂၀) ရစ်ဝတံတား အရှည်(၁၀၀)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားကမ်းကပ်ခုံများ ရေတိုက်စားမှုမရှိစေရေး ကမ်းထိန်း နံရံများ စနစ်တကျဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ နိဗ္ဗာန်ကျေးရွာအုပ်စု၌ တစ်ကွင်း တစ်ဆက်တည်း အကွက်ကျယ် နွေစပါးဧက(၃၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း …
Read More »ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်/ သက်တမ်းတိုးစနစ်ဖြင့် တင်ဒါခေါ်ယူခြင်း ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ရေး အသိပေး ကြေညာအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————-
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၁၉ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရာတွင် အရေးကြီးသည့်အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်း များ ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုနှင့်အခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲ ဖန်တီးယူနိုင်မှသာ ဒေသတွင်း MSME လုပ်ငန်းများ အောင်မြင်မှုကို အရောက်လှမ်းနိုင်မှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ရရှိလာသည့် အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ကို မိမိတို့၏ တီထွင်ဖန်တီးမှု နှင့် ပေါင်းစပ်အသုံးချပြီး ဈေးကွက်ဝင်ပစ္စည်းများ ထုတ်လုပ်၍ တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများအား အခြေခံ၍ ပြည်ပ တင်ပို့နိုင်သည့် အမယ်သစ်ထုတ်ကုန်အား အရည်သွေးကောင်းပြီး …
Read More »သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
သဲကုန်း ဒီဇင်ဘာ ၁၉ သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်/ သက်တမ်းတိုးစနစ်ဖြင့် တင်ဒါခေါ်ယူခြင်း ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ရေး အသိပေး ကြေညာအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————-
Read More »ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
ပြည် ဒီဇင်ဘာ ၁၈ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်/ သက်တမ်းတိုးစနစ်ဖြင့် တင်ဒါခေါ်ယူခြင်း ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ရေး အသိပေး ကြေညာအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————-
Read More »