Daily Archives: September 11, 2026

ပဲခူးမြို့၌ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၁           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ပေးခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပထမဆု၊ အထူးဆုရရှိသူများကိုသာမက အနုပညာရပ်များအပေါ် မြတ်နိုးတန်ဖိုးထားပြီး စဉ်ဆက်မပြတ် ကြိုးစားသင်ယူလေ့ကျင့်လိုစိတ်ရှိနေစေရေးအတွက် အခြားပြိုင်ပွဲ ဝင်များကိုလည်း ထိုက်တန်သည့်ချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အဆင့်မှ ရွေးချယ်ခံထားရသူများအနေဖြင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် အဆင့်အတန်း ပိုမိုမြင့်မားသဖြင့် အမှတ်ပေး စံနှုန်းများနှင့် ညီညွတ်အောင် ဝတ်စားဆင်ယင်၊ တီးခတ်သီဆိုကပြ ယှဉ်ပြိုင်နိုင်မှသာ ထိုက်တန်သည့် …

Read More »