Home / 2024 / September

Monthly Archives: September 2024

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တိုင်းမှူးတို့ တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့

တောင်ငူ စက်တင်ဘာ ၁၅          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့်အတူ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းကရေကြီးရေလျှံမှုများအား သွားရောက် ကူညီ ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ သာသနာ့ဟိတကာရီ ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင်သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  အောင် သောင်းထိုက်က တောင်ငူခရိုင်အတွင်း ရေဝင်ရောက်မှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း များအလိုက် တာဝန်ပေးအပ်ထားသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း များ၏ အခြေအနေများအား သေးစိတ်ရှင်းလင်တင်ပြခဲ့သည်။           ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီရေဘေးရှောင်စခန်းများအလိုက် စားသောက်နေထိုင် ရေး အဆင်ပြေရန်၊  ကူညီကယ်ဆယ်ရေးအတွက် လိုအပ်သည့် စက်တပ်ရေယာဉ်များ၊ စစ်တောင်းမြစ်ရေ ဝင်ရောက်နိုင်သည့် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းမှူးတို့ တောင်ငူမြို့နှင့် ရေတာရှည်မြို့များရှိ ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့

တောင်ငူ စက်တင်ဘာ ၁၄            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့်အတူ စက်တင်ဘာလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နှင့် ရေတာရှည်မြို့ များရှိ ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ သာသနာ့ဟိတကာရီ ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင်သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်သဘာဝ ဘေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ ရေဘေးကယ်ဆယ်ရေးစခန်းအလိုက် ခရိုင်အဆင့်ဌာနဆိုင်ရာ ဦးဆောင်သောအဖွဲ့ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစီစဉ်ဆောင်ရွက်ပေးရန်၊ ရေသန့်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်လှေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် စေတနာရှင် အလှူရှင် များ၏ တန်ဖိုးငွေကျပ်(၄၆၂၀၀၀၀၀) တန်ဖိုးရှိ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။          ထို့နောက် …

Read More »

ပဲခူးတက္ကသိုလ်၌ အခြေခံပညာ / အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၁           ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံပညာ / အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ် များဖြစ်စေရေး လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကို အလေးထားပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဥပဒေ၏ အခြေခံသည် စည်းကမ်းဖြစ်ပြီး အခြေခံဥပဒေဆိုင်ရာ အသိအမြင်ရရှိစေရေး ပညာပေးမှုနှင့် ထိန်းကျောင်းမှုများကို ဆောင်ရွက်ရန်လိုအပ်မှာဖြစ်ကြောင်း၊ ဥပဒေပညာရပ်များကို သင်ကြားတတ်မြောက်ပြီးတဲ့အခါမှာလည်း လိုက်နာရမည့် အချက်တွေ ရှောင်ရှားရမည့်အချက်တွေကို သိရှိပြီး စည်ကမ်းရှိစွာနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးသွားရမှာဖြစ်ပြီး ပညာတွေတော်ပြီး ကိုယ်ကျင့်တရားမကောင်းပါက …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲကျင်းပပြုလုပ်

တောင်ငူ စက်တင်ဘာ ၁၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ် သင်တန်းဖွင့်ပွဲအား တောင်ငူမြို့၊ ကေတုရတနာခန်းမ၌ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေး လိုအပ်သည်များ ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း အသားနှင့်နို့ ထုတ်လုပ်မှု ဖူလုံစေရေး၊ စားသုံးမှုဖူလုံစေရေးနှင့် ပြည်ပမှ နို့နှင့်နို့ထွက်ပစ္စည်း တင်သွင်းမှုလျော့ချနိုင်စေရေးအတွက် မေထုန်မဲ့သားစပ်ခြင်း သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး ကျေးလက်ဒေသပါမကျန် မေထုန်မဲ့သားစပ် ခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုသင်တန်းသည် ကိုယ်တိုင် မွေးမြူသူလုပ်ငန်းရှင်များအား လက်တွေ့မေထုန်မဲ့သားစပ်ခြင်းနှင့် တိရစ္ဆာန်မွေးမြူခြင်းဆိုင်ရာ အသိပညာ များ သင်ကြားပေးသွားမည်ဖြစ်၍ စိတ်ပါဝင်စားစွာ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်

တောင်ငူ စက်တင်ဘာ ၉           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနိုင်ရေး ကွင်းဆင်း ကြည့်ရှုဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ တောင်ငူမြို့ခရီးစဉ်အတွင်း လမ်းညွှန် မှာကြားချက်များနှင့်ပတ်သက်၍ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးနှင့် တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူး တို့မှ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီရှေးဟောင်း ကျုံး၊ ယိုးဒယားပေါက်သို့ ရောက်ရှိခဲ့ပြီး ကျုံးပတ်လမ်း သန့်ရှင်းသာယာလှပမှုရှိစေရေး၊ လမ်းမီးများ ပြန်လည်ကောင်းမွန်စေရေး ပြင်ဆင်ရန်နှင့် မြေယာရှုခင်းအလှများ ပြန်လည်ဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် …

Read More »

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၈           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “အနာဂတ်မျှော်တွေး စဉ်ဆက်ပညာရေး”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။           ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် UNESCO ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြား တင်ပြခဲ့ပြီး နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clip အား ပြသခဲ့ကာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသား/သူများက “မတတ်သူ တို့ဝိုင်းကူ”သီချင်းဖြင့် သီဆို …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ဟံသာဝတီဖလား အသက်(၂၁)နှစ်အောက် အလွတ်တန်း အမျိုးသားဖိတ်ခေါ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူး စက်တင်ဘာ ၆           တိုင်းဒေသကြီးအတွင်း မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အစဉ် အလာ ကြီးမားခဲ့သည့် ပဲခူးတိုင်း၏ဘောလုံးအားကစားဂုဏ်ကို ပြန်လည်ဖော်ထုတ်နိုင်စေရေး အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ဟံသာဝတီဖလား အသက်(၂၁) နှစ်အောက် အလွတ်တန်း အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၆)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများ လာရောက်ကြည့်ရှု့အားပေးကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက (၃:၂)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။           ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရာပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသည့် …

Read More »

စတုတ္ထအကြိမ်မြောက် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် စျေးသူ/စျေးသားများမှ စားသောက်ဖွယ်ရာများ မေတ္တာဖြင့်ထပ်မံပေးပို့လှူဒါန်း

ပဲခူး စက်တင်ဘာ ၅           နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ ထမ်းဆောင်နေကြ သည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၊ တပ်မတော်ချစ်သူများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာ စက်တင်ဘာလ(၅)ရက်နေ့တွင် စတုတ္ထအကြိမ်မြောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် စျေးသူ/စျေးသားများ စုပေါင်းအားဖြင့် ပြည်သူများက တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အတွက် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကိုယ်စွန့်မှု၊ ရဲဝင့်စွန့်စားမှုများ အပေါ် စေတနာမေတ္တာ တုံ့ပြန်သောအားဖြင့် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ပရဟိတလူမှု ကူညီရေးအသင်း များ၏ စားသောက်ဖွယ်ရာများ စုပေါင်းကြော်လှော် ချက်ပြုတ်နေမှုနှင့် ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင် ထုပ်ပိုးနေမှုများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

စက်တင်ဘာ ၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၄) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ကောက်ယူတော့မည်ဖြစ်ရာ အသုံးပြုရမည့် အထောက်အကူပြု ပစ္စည်းများ သတ်မှတ်နေရာသို့ အချိန်မီရောက်ရှိစေရန် လိုအပ်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သလို ခရိုင်အဆင့်နည်းပြသင်တန်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး မြို့နယ် အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများအား သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်ပို့ချနိုင်ရေး ပြင်ဆင် ထားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး လွှမ်းခြုံမှုရာနှုန်းပြည့်ရရှိနိုင်ရန်၊ အရည်အသွေး ကောင်းမွန်သည့် သန်းခေါင်စာရင်းဖြစ်စေရန်၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး …

Read More »

ပဲခူးတိုင်းဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့် ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၄           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်း ဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်း ဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားအား တေးသံရှင် ဟံသာစိုးမင်းနှင့် နန်းထိုက်ရွှေစင်တို့က “ရွှေဆုတွေဝိုင်း ရွှေပဲခူးတိုင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်း ဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊အက၊အရေး၊ အတီးပြိုင်ပွဲကြီးသည် မျိုးဆက်သစ် လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုး …

Read More »