Home / 2024 / September

Monthly Archives: September 2024

စစ်တောင်းမြစ် ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါ၊ ပျက်စီးခဲ့သည့် ရေဘေးသင့် ကြည်သူများအတွက် ထောက်ပံ့ငွေနှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

တောင်ငူ စက်တင်ဘာ ၂၈               တောင်ငူမြို့၊ ခပေါင်းခန်းမ၌ စက်တင်ဘာ (၂၈)ရက်နေ့၊ နံနက်ပိုင်းက စစ်တောင်းမြစ် ရေကြီး ရေလျှံမှုကြောင့် နေအိမ်မျောပါ၊ ပျက်စီးခဲ့သည့် ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် အိမ်သုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။               ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်ငူခရိုင် ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဦးစီးသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ အချိန်မီပေါင်းစပ်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် လူ့အသက်အန္တရာယ်ထိခိုက်မှု အနည်းဆုံးဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍မရသလို မိမိရဲ့ နေအိမ်များ၊ ပစ္စည်းများ၊ စိုက်ပျိုးထားသည့် လယ်မြေများ၊ စိုက်ပျိုးသီးနှံများအပြင် နိုင်ငံပိုင် လမိး၊ တံတား၊ အဆောက်အဦ၊ လျှပ်စစ်ဓါတ်တိုင်နှင့် စာသင်ကျောင်းများ …

Read More »

တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင် ရွက်ပေး

တောင်ငူ စက်တင်ဘာ ၂၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်တို့သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူ မြို့နယ်အတွင်း ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်တို့သည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၌ ရေကြီးနစ်မြှုပ်ခဲ့၍ ပျက်စီးခဲ့သည့် မိုးစပါးဧကများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တောင်သူများထိခိုက်ပျက်စီးခဲ့မှု မိုးစပါးဧကများအတွက် ဆောင်းသီးနှံ မတ်ပဲများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နွေစပါးစိုက်ပျိးနိုင်ရေးအတွက် စိုက်ပျိုးရေရှိရေး ချောင်းပိတ်/မြောင်းပိတ် လုပ်ငန်းများအပြင် အဝီစိတွင်းတူးဖော်ခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်၍ မြေပြင်ကွင်းဆင်းဆောင် ရွက်သွားရန်နှင့် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် …

Read More »

တောင်ငူခရိုင်အတွင်း   ရေကြီးရေလျှံမှုခံခဲ့ရသည့် မြို့နယ်များမှ ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေး

တောင်ငူ စက်တင်ဘာ ၂၇             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၂၇)ရက်နေ့၊ တောင်ငူမြို့၊ သာသနာ့ဟိတကာရီဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် ခရိုင်ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှု ရုံးသို့ ရောက်ရှိခဲ့ပြီး တောင်ငူခရိုင်အတွင်း   ရေကြီးရေလျှံမှုခံခဲ့ရသည့် မြို့နယ်များမှ ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ်သည် ခန့်မှန်းရမလွယ်ကူသော်လည်း ကြိုတင်ကာကွယ်ပြင်ဆင်ခြင်းနှင့် စုပေါင်းညီညာစွာ ဆောင်ရွက်ခြင်းဖြင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြင့် ယခုအခါ အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် မိမိဒေသ၏ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူများဖြစ်၍ အစိုးရ၏ပံ့ပိုးကူညီမှုများအား မိမိတို့ဒေသ၏ စည်းရုံးရေးစွမ်းအားဖြင့် ပေါင်းစပ်၍ ပြန်လည်ထူထောင်ရေးအပိုင်းတွင်လည်း ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ရေကြီးရေလျှံမှုကြောင့် နေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးမှုများအား စနစ်တကျကွင်းဆင်းစိစစ်မှတ်တမ်းတင်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ကျောင်းမတတ်နိုင်သည့် ကျောင်းနေရွယ်ကလေးများအား  ကျောင်းပြင်ပပညာရေးစနစ်ဖြင့် စုစည်းသင်ကြားနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန်၊ မိုးသီးနှံထိခိုက်သည့် ဧကများတွက် …

Read More »

တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

တောင်ငူ စက်တင်ဘာ ၂၆                ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်တို့သည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၆)ရက် မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ပြန်လညထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည် သိုက်တို့သည် ရေကြီးနစ်မြှုပ်ခဲ့ တောင်ငူမြို့နယ်၊ နှစ်ဆောင်မြိုင်ကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့  အစီအစဉ်ဖြင့် သောက်သုံးရေတွင်းရေကန်များ ပြန်လည်သန့်စင်ရေမှုတ်ခြင်း၊ ကရိုရင်းဆေးခတ်ခြင်းစသည်တို့အား ကွင်းဆင်း ကြည့််ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော သန့်ရှင်းသော သောက်သုံးရေ အမြန်ဆုံးရရှိနိုင်ရေးနှင့် ရေနစ်မြှုပ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများအား တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ရေး ရေမှုတ်စက်လိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။             ထို့နောက် တိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် သီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် ဧရိယာများတွင် ပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် သီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် ဧရိယာများတွင် ပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ပထမအကြိမ် ရေကြီးခဲ့စဉ်က မိုးသီးနှံများ ထိခိုက်ပျက်စီးခဲ့သော်လည်း အချိန်မီပြန်လည်ဖာထေးခြင်း၊ သားတက်ပွား စိုက်ပျိုးခြင်းများ ရာနှုန်းပြည့်ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း ဒုတိယအကြိမ်ရေကြီး ရေလျှံမှုသည့် အချိန်ကာလကြာမြင့်ခြင်းကြောင့် မိုးသီးနှံထိခိုက်ပျက်စီးမှုများ များပြားလာနိုင်သဖြင့် သီးနှံ စိုက်ပျိုးထုတ်လုပ်မှု မထိခိုက်စေရေးအတွက် ဆောင်းသီးနှံနှင့် နွေစပါးကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်၍ အောင်ရေပေးသည့် တမံများတွင် ရေဝင်ရောက်မှုအား ပိုမိုသိုလှောင်သိမ်းဆည်းရန် လိုအပ်မှာဖြစ်ကြောင်း၊ တိုးချဲ့စိုက်ပျိုးမည့် သီးနှံများအလိုက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ဒေသတွင်းရရှိနိုင်ရေး စုဆောင်းထားရမှာဖြစ်ကြောင်း၊ ရေဝင်ရောက်ခဲ့သည့် လယ်မြေများတွင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၂၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၂၄)ရက်နေ့၊ ညနေ ပိုင်းက ပဲခူးမြို့အတွင်းရှိ ဟံသာဝတီရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သိန္နီတံခါးပေါက်အနီးရှိ ဟံသာဝတီမြို့ရိုး ၊ တံခါးပေါက် ပြန်လည်ဖော်ထုတ်ထားရှိမှုနှင့် မြေယာအလှရှုခင်း၊ ကျုံးပတ်လမ်း ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူများ အပန်းဖြေရင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် တွေ့မြင်ခံစားသိရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်၍ ပျက်စီးမှုများအား ချက်ခြင်းပြန်လည်ပြင်ဆင် ရန်၊ လိုအပ်သည့်နေရာတွင် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ရန်၊ ကျုံးပတ်လမ်းတစ်လျှောက် လမ်းမီးတိုင် မီးလင်းစေရေးနှင့် ဟံသာဝတီရှေးဟောင်းကျုံးအတွင်းသို့ ရေစီးရေလာကောင်းမွန်စေရေး မြေပြင်အနိမ့်အမြင့် ပြန်လည်ချိန်ညှိ ဆောင်ရွက်သွားရန်၊ ကျုံးပတ်လမ်းဘေးရှိ အလှထိုင်ခုံများနှင့် ကျုံးရေပြင်သံပန်းအကာများ ဆေးပြန်လည်သုတ်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကတ် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၂၄         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို စက်တင်ဘာလ (၂၃)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရစ်ကတ်အားကစားနည်းသည် အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့်မှာ ပြိုင်ပွဲများကျင်းပ ယှဉ်ပြိုင်ကစားနေသည့် အားကစားဖြစ်ကာ ဒေသတွင်းနိုင်ငံများအနေဖြင့် အနိုင်ရရှိနိုင်ရေး ကြိုးပမ်းလေ့ကျင့် နေသည့် အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့ခရစ်ကတ် အားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မား ရေးကို အထောက်အကူပြုစေရေးအတွက် ခရိုင်အလိုက် ခရစ်ကတ်အားကစားသမားများ ပေါ်ထွက်လာရေး ကိုရည်ရွယ်၍ မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး အဖွဲ့ချုပ်နည်းပြဆရာများဖြင့် ခရိုင်မြို့များတွင် ခရစ်ကတ်သင်တန်းများကို တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဒီသင်တန်းများက အရည်အချင်းပြည့်ဝ တဲ့သူများကို ရွေးချယ်ပြီး …

Read More »

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးရည်ရွယ်၍ ပဲခူးမြို့၌ တိုင်းရင်းသားရိုးရာအက သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပဖွင့်လှစ်ခဲ့သည့် တိုင်းရင်းသားရိုးရာ အကသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။      ရှေးဦးစွာ ရှမ်းတိုင်းရင်းသားများက ရှမ်းလက်သိုင်း၊ ဓားသိုင်းအကများဖြင့်လည်းကောင်း၊ ရှမ်းတိုင်းရင်းသူ များက ရှမ်းနှစ်သစ်ကူးကျေးလက်အကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း နေထိုင်သည့် တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ် အခမ်းအနားများ၊ စာပေ၊ ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများရဲ့ အနုပညာယဉ်ကျေးမှုမှာပါဝင်တဲ့ ရိုးရာ အကတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် ယခုသင်တန်းကို (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပေး ခဲ့ခြင်းဖြစ်ကာ အခြေခံကကွက်တွေကို သင်ကြားပို့ချပေးထားတာဖြစ်လို့ သင်တန်းသားများအနေဖြင့် ကိုယ်ပိုင်ကကွက်များကို တီထွင်ဖန်တီးပြီး အမြဲမပြတ်လေ့ကျင့်ပေးနေဖို့လိုအပ်ကြောင်း၊ ယခုလို …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၄/၂၀၂၄) ဖွင့်ပွဲကျင်းပပြုလုပ်

တောင်ငူ စက်တင်ဘာ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ် သင်တန်းဖွင့်ပွဲ အမှတ်စဉ်(၄/၂၀၂၄)အား ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေး လိုအပ်သည်များ ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း အသားနှင့်နို့ ထုတ်လုပ်မှုဖူလုံစေရေး၊ စားသုံးမှုဖူလုံစေရေးနှင့် ပြည်ပမှ နို့နှင့်နို့ထွက်ပစ္စည်း တင်သွင်းမှုလျော့ချနိုင်စေ ရေးအတွက် မေထုန်မဲ့သားစပ်ခြင်း သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး ကျေးလက်ဒေသပါမကျန် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုသင်တန်းသည် ကိုယ်တိုင် မွေးမြူသူလုပ်ငန်းရှင်များအား လက်တွေ့မေထုန်မဲ့သားစပ်ခြင်းနှင့် တိရစ္ဆာန်မွေးမြူခြင်းဆိုင်ရာ အသိပညာ များ သင်ကြားပေးသွားမည်ဖြစ်၍ စိတ်ပါဝင်စားစွာ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေး

ပဲခူး စက်တင်ဘာ ၂၃           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ …

Read More »