Home / 2024 / November

Monthly Archives: November 2024

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ (၁၂)ကြိမ်မြောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အခမ်းအနား ကျင်းပပြုလုပ်

ဝေါ နိုဝင်ဘာ ၂၉           ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အခမ်းအနားအား နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။           ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား သီရိဇေယျာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား /ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ ကြသည်။           ယင်းနောက် ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ …

Read More »

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား ငွေကျပ်(၂၆၈.၇၅၂)သန်း ထောက်ပံ့ပေးအပ်

ပဲခူး နိုဝင်ဘာ ၂၈           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ငွေကျပ်(၂၆၈.၇၅၂)သန်း ထောက်ပံ့ပေးအပ်ခဲ့သည်။           ရှေးဦးစွာ အခမ်းအနားအား ပဲခူးတက္ကသိုလ်မှ ကျောင်းသား/သူများက “လူငယ်စွမ်းရည်” သီချင်း ဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်စေရေး အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသလို တိုင်းဒေသကြီးကိုယ်စားပြု အားကစား မောင်/မယ်များအား အောင်မြင်မှုဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ရန်အတွက် စိတ်ဓါတ် ခွန်အား ပေးသည့် အခမ်းအနားဖြစ်ကြောင်း၊ အားကစားသမား မောင်/မယ်များအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရ မည့် အားကစာနည်းအလိုက် အောင်နိုင်လိုစိတ်များ ပြင်းပြနေရန်လိုအပ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ကို လေးစားလိုက်နာကာ အားကစားသမားကောင်းပီသစွာ ပြုမူနေထိုင်သွားရန်နှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

တောင်ငူ နိုဝင်ဘာ ၂၇          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နိုဝင်ဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။             ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု ကျွဲဘူးကျေးရွာ၌ ရာဂီမုန်တိုင်းကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်ခင်နှင်းဦးအား ဥစားကြက်နှင့် ဒေသကြက်ကောင်ရေ (၁၂၀၀၀)အား ပြန်လည်အစားထိုးပေးအပ်ခဲ့ပြီး ကြက်ခြံများအတွင်း လှည့်ကြည့်ရှုအားပေးခဲ့ကာ ဘဲမွေးမြူရေးလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်သွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်ဆောင်မြိုင်-ရွာတန်းရှည်လမ်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၁၉၀)ဖြင့်  ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် Kanbawza Pathfinder Industries …

Read More »

ပဲခူးမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၅           မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား နိုဝင်ဘာလ(၂၅)ရက်၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ ကြသည်။           ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား နိုဝင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းနှင့် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မေတ္တေယျအာနန္ဒာဘုရားကြီး၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စာသင်ကျောင်းဝန်းအတွင်း သန့်ရှင်း သပ်ရပ်စေရေး၊ စိမ်းလန်းစိုပြေစေရေး၊ အရိပ်ရသီးပင်စားပင်များ စိုက်ပျိုးသွားရန်၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် မီးတားလမ်းများဆောင်ရွက်ထားရန်၊ သာသနိကအဆောက်အုံများ ရှေးမူမပျက် ပြန်လည်ဆေးဆေးသုတ်ခြင်းနှင့် ဘုရားဖူးလာပြည်သူများ ကြည်ညိုသဒ္ဒါဖြစ်ပေါ်စေရေး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း (ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး နိုဝင်ဘာ ၂၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက် ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ အောက်တဲစုကွင်းသို့ ရောက်ရှိခဲ့ပြီး နွေစပါး(၂)သီး တစ်ကွင်းတစ်ဆက်တည်း ဧက(၄၀၀)စံပြစိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး နွေစပါး အား တိုင်းဒေသကြီးအစိုးရဖွဲ့မှ ထောက်ပံ့ထားသည့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအား ပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ကြိုတင်ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးမှသာ သီးထပ်စွမ်းအား ပိုမိုတိုးတက်လာပြီး ဝင်ငွေတိုးတက်လာမှာဖြစ်ကာ စိုက်ပျိုးကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း အဓိကအချက်ကြီး(၄)ချက်အား လိုက်နာပြီး ခေတ်မီစိုက်ပျိုး နည်းစနစ်များဖြင့် ဆောင်ရွက်မှသာ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မှာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး သွင်းအားစုအား …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၄)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုအားပေး   

 ပဲခူး နိုဝင်ဘာ ၂၁           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၄)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်း များအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး …

Read More »

ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၁)သင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေး

ပဲခူး နိုဝင်ဘာ ၂၀           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက အခြေခံပညာ Grade-11 နှင့်  Grade-12 ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မျိုးဆက်သစ်လူငယ်များသည် နောင် တစ်ချိန်တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာကြီး(၃)ရပ်ကို ပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်၍ အခြေခံပညာအဆင့်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားလူငယ်တိုင်း ဥပဒေကိုသိရှိဖို့၊ ဥပဒေနှင့်အကျွမ်းတဝင်ဖြစ်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ယခု သင်တန်းသည် Grade-11 နှင့် Grade-12 တွင် ပညာသင်ကြားနေသော ကျောင်းသား/သူများကို ဥပဒေ ပညာသင်ကြားပေးမည့် ဆရာ/ဆရာမများကို ဆရာဖြစ်သင်တန်း သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ဆရာ/ ဆရာမများအနေဖြင့် မိမိတို့၏ ကျောင်းသား/သူများကို သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းနှင့်အညီ ပြန်လည်သင်ကြားပေးသွားရမှာဖြစ်သည့်အတွက် မိမိတို့ကိုယ်တိုင် …

Read More »

သာယာဝတီခရိုင်အတွင်း ထူးချွန်တောင်သူများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

သာယာဝတီ နိုဝင်ဘာ ၂၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ သာယာဝတီခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပန်းတိုင် အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်ပြီး စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားအောင် အဓိက ဆောင်ရွက်သွားရမှာဖြစ်သလို ဂုဏ်ပြုချီးမြှင့်ထိုက်သူကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားရမှာ၍ ယခုလို ခရိုင်အလိုက် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ဂုဏ်ပြုချီးမြှင့်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် ပန်းတိုင်အထွက် နှုန်း ကျော်လွန်ထွက်ရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များကို ရှာဖွေဖြန့်ဖြူးပေးခဲ့သလို စိုက်ပျိုးရေ ရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးမြေများ မြေဆီလွှာအာဟာရ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့၌ “ပညာအားမာန်” စာကြည့်တိုက် တက်ရောက်ဖွင့်လှစ်ပေး

ရွှေတောင် နိုဝင်ဘာ ၁၉           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညို ကျေးရွာ၌ “ပညာအားမာန်” စာကြည့်တိုက် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က “ပညာအားမာန်” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ က စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပညာအားမာန်” စာကြည့်တိုက်အတွင်း စာအုပ်/ စာစောင်များ ခင်းကျင်းထားရှိမှုနှင့် စာပေဖတ်ရှု့လေ့လာနေသည့် ကျောင်းသား/သူများအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး …

Read More »