Home / 2025

Yearly Archives: 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၈           ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ ပြိုင်ပွဲဝင် အသင်းသားများ၊ နည်းပြများနှင့် ဒိုင်လူကြီးများက တစ်ဦးချင်းမိတ်ဆက် ခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ပိုက်ကျော်ခြင်းအားကစား ဝါသနာရှင်များက ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ (၃)ယောက်တွဲအဖွဲ့လိုက် ဗိုလ်လုပွဲအဖြစ် ပဲခူး မြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်း၊ (၂)ယောက်တွဲအဖွဲ့လိုက် ဗိုလ်လုပွဲအဖြစ် ပဲခူးမြို့နယ် အသင်းနှင့် တောင်ငူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၇           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်အတူ ဇူလိုင်လ(၇)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်၊ ကျိုက်လှစံပြကျေးရွာရှိ မိုးစပါးအကွက်ကျယ်စံပြကွက်အတွင်း စုပေါင်းမြေဩဇာကြဲပတ်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံမိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးပြီးပါက မြေဆီဩဇာပြန်လည်တိုးတက် စေရေး ပဲတစ်မျိုးမျိုး ပြန်လည်စိုက်ပျိုးသွားရန်၊ တူးဖော်ပေးထားသည့် ရေပေးမြောင်းများ ရေရှည်အသုံးပြု နိုင်စေရေး ဒေသခံတောင်သူများက ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ ရေမြေသဘာဝနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိသည့် မျိုးကောင်းမျိုးသန့်များ အလုံအလောက်ရရှိရေး ဆောင်ရွက် ပေးရန်၊ ရေကြီးရေနက်ကွင်းများအတွက် ကြိုတင်ပျိုးထောင်ထားရန်၊ သက်ဆိုင်ရာမြို့နယ်အလိုက် ရေကြီး ရေနက်ကွင်းများရှိ လယ်မြေများအား မိုးကောင်းသောက်လယ်မြေအဖြစ် ရောက်ရှိစေရေး ပြန်လည် တူးဖော်ပေးရမည့် ရေထုတ်မြောင်းများ တွက်ချက်တင်ပြပေးရန်၊ သဘာဝမြေဩဇာသုံးစွဲမှုတိုးတက်စေရေး တာဝန်ရှိသူများနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ အား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး‌နေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ သွားရောက်ကြည့်ရှု့ အားပေး

ပဲခူး ဇူလိုင် ၆           ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီး အတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ယမန်နေ့၊နံနက်ပိုင်းက ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးနေမှုတို့ကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ၊ပဲခူးဆေးရုံအုပ်ကြီးတို့နှင့်အတူ ‌ခွဲစိတ်ကုသမှုပြုလုပ်ပြီးသည့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများနှင့် ခွဲစိတ်ကုသမည့်လူနာများအား လိုက်လံကြည့်ရှု့ အားပေးစကားပြောကြားပြီး အဝတ် အထည်များ၊ မုန့်၊ ပဲနို့၊ ကစားစရာအရုပ်များပေးအပ်ခဲ့သည့်အပြင် ခွဲစိတ်ကုသပေးသည့် ဆရာဝန်ကြီးနှင့် ပဲခူးဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြ သည်။           အဆိုပါ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၅           ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပခြင်းအားဖြင့် ဒေသတွင်း အသက်အရွယ်အလိုက် ထူးချွန်အားကစားသမား များ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လက်ရွေးစင်အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစား သမားများအဖြစ် မွေးထုတ်ပေးနိုင်ရေး၊ ပိုက်ကျော်ခြင်းအားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မားရေး၊ မြို့နယ်ကိုယ်စားပြု အားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓါတ်နှင့် ထူးချွန်ထက်မြက် သော လူငယ်သွေးသစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာရေးတို့အတွက် ကျင်းပပေးရ ခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (၂)ယောက်တွဲအဖွဲ့ လိုက်ပြိုင်ပွဲတွင် …

Read More »

ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်ချီးမြှင့်

ပဲခူး ဇူလိုင် ၄           ပဲခူးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ ဘတ်စကက်ဘော (အမျိုးသား) သင်္ချာအသင်းနှင့် သတ္တဗေဒအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိကများ၊ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများ၊ ကြည့်ရှု့အားပေးကြသည်။           ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က ဒိုင်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဥပဒေချုပ်တို့က အမျိုးသား/အမျိုးသမီး …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် ဇူလိုင်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကျိုက်ပွန်ဘုရားဝန်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စုပေါင်းစိုက်ပျိုးသည့် သစ်ပင်တို့သည် မျက်မှောက်ကာလမှာ အပင်ငယ်များသာဖြစ်နေသော်လည်း အနာဂတ်တွင် သဘာဝတောအုပ်တစ်ခုအဖြစ် မြင်တွေ့လာရမှာဖြစ်ကြောင်း၊ သစ်ပင်များသည် လူသားတို့အတွက် အောက်စီဂျင်အရင်းအမြစ်ဖြစ်သလို မြေဆီလွှာထိန်းသိန်းခြင်းနှင့် ရေကြီးရေလျှံမှုများကို ကာကွယ်လျှော့ချပေးနိုင်မှာဖြစ်ကြောင်း၊ မိုးရာသီ ဆိုတာ သစ်ပင်များစိုက်ပျိုးရန် သဘာဝကပေးထားသည့် အကောင်းအချိန်ဖြစ်ပြီး သစ်ပင်များ ရှင်သန် ကြီးထွားစေနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် ကျိုက်ပွန်ဘုရားအဝင်လမ်း လမ်းဘေးဝဲယာတွင် စိုက်ပျိုးပေးခဲ့သည့် ခရေပင်များ စိမ်းလန်းဝေဆာလျက်ရှိ နေတာကို အားလုံးတွေ့မြင်ရမှာဖြစ်ကြောင်း၊ ကမ္ဘာမှာ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စီးပွားရေး တိုးတက်စေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက် ပိုင်းက စီးပွားရေး တိုးတက်စေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင်လ(၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး၏ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့အား လုပ်ဆောင်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အားကောင်းမှသာ ကုန်ထုတ်လုပ်မှုများ တိုးတက် လာမှာဖြစ်ပြီး ကုန်ဈေးနှုန်းများ ကျဆင်းလာမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိ ရေးနှင့် သီးထပ်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခြင်းတို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု များစွာ အထောက်အကူဖြစ်စေနိုင်မှာဖြစ်ကြောင်း၊ …

Read More »

၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်

ပဲခူး ဇူလိုင် ၃             ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား “မြန်မာအမျိုးသမီးလေးပါ” သီချင်းဖြင့် ကပြဖျော်ဖြေ၍ ဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးရေးရာကော်မတီကို (၁၉၉၆)ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၈)ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဟု အမည်ပြောင်းလဲခဲ့ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီး အခွင့်အရေးများနှင့် ကျား/မ ရေးရာ လုပ်ငန်းများ တန်းတူညီမျှဖို့နှင့် သာတူညီမျှစေဖို့ အမျိုးသမီးအခွင့်အရေး မြှင့်တင်ဆောင်ရွက်သည့် အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံချက်ကို …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်း အဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံ ရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် မြေသိမ်းဆည်းခြင်းပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း၊ မြေသိမ်းဆည်းခြင်းအမှုတွဲများ စိစစ်ရာတွင်  မှန်မှန် ကန်ကန်နှင့် အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားရန်နှင့် ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်(၅၂)ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကာ အမှုတွဲများ အမြန်ဆုံးပြီးပြတ် ပိတ်သိမ်းနိုင်မှာဖြစ်ကြောင်း၊ သိမ်းဆည်းခံ လယ်ယာမြေနှင့်အခြားမြေများ မူလပိုင်ရှင်များထံ အမြန်ဆုံးလက်ဝယ်ရောက်ရှိစေရေး လုပ်ငန်းစဉ်(၉)ရပ်နှင့်အညီ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များမှ ပြန်လည်လျှောက်ထားရာတွင် (၁၈-၉-၁၉၈၈)ရက်နေ့ နောက်ပိုင်း …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဇွန်လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၇.၂၆)သိန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူး ဇူလိုင် ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅) ကျင်းပပြု လုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်၍ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ခြင်း၊ ဓါတ်မြေဩဇာထုတ်လုပ်ခြင်းနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်သည့် လုပ်ငန်းများအပြင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာထုတ်လုပ်ခြင်းလုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးချဲ့လာခြင်းသည် တိုင်းဒေသကြီး အတွင်း လုပ်သားအင်အား ပေါကြွယ်ဝမှု၊ အလုပ်ရှင်အလုပ်သမားပြဿနာ ကင်းဝေးခြင်းနှင့် ရင်းနှီးမြှုပ်နှံ ရန် အခွင့်အလမ်းကောင်းများရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ရှိပြီးသော စက်ရုံ အလုပ်ရုံများ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးနှင့် စက်ရုံ/အလုပ်ရုံများ ထပ်မံရင်းနှီးမြှုပ်နှံလာနိုင်စေရေး မိမိတို့တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား …

Read More »