ပဲခူး မတ် ၁၂ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေဂူလေးစေတီတော်မြတ်ကြီး အထွဋ်တွင် ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို မတ်လ(၁၂) ရက်နေ့ နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အခမ်းအနားသို့ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာ အောင်စည်အောင်မောင်း(၉)ကြိမ်တီးခတ်ပူဇော်ကာ အခမ်း အနားကို ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယအရှင်သူမြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ၎င်းနောက် အခမ်းအနားမှူးက နတ်ဗြဟ္မာများ ပင့်ဖိတ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် ဥပသကာများက ပရိတ်ပန်း၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website