ပဲခူး မတ် ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ အောင်သုခ ဆေးကုသဆောင်၌ မျက်စိခွဲစိတ်ကုသမှုပြီးစီးသည့် လူနာများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိ ခဲ့ပြီး မျက်စိခွဲစိတ်ကုသမှု ပြီးစီးခဲ့သည့် လူနာများနှင့်တွေ့ဆုံ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေးစောင့်ရှောက်မှုနှင့် မျက်စိခွဲစိတ် ကုသမှုခံယူထားသည့် ပြည်သူများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မျက်စိခွဲစိတ်ကုသမှုခံယူပြီးသူများအား မျက်စိကျန်းမာရေးမျက်မှန်များ တပ်ဆင်ပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ပြီး မျက်စိခွဲစိတ်ကုသပေးခဲ့သည့် မျက်စိဆရာဝန်ကြီး များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုလမ်းညွှန်မှုဖြင့် ကုသရေး ဦးစီးဌာန၏ …
Read More »Daily Archives: March 18, 2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး မတ် ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ယမန်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးတက်လာခြင်းနှင့်အတူ တောင်သူများ ဝင်ငွေ(၂)ဆ တိုးတက်ရရှိစေနိုင်မှာဖြစ်၍ မြေလပ်မရှိ သီးနှံစိုက်ပျိုးသွားရန်၊ ပန်းတိုင်အထွက်နှုန်းရရှိနိုင်သည့် မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးသွားရန်၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ သိပ္ပံနည်းကျစက်မှုလယ်ယာစိုက်ပျိုးနည်းစနစ်သို့ ပြောင်းလဲဆောင်ရွက်ရန် အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ဧကအလိုက် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ တက်ရောက်လာသည့် နွေစပါးစိုက်တောင်သူများ အတွက် သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဒေသခံတောင်သူများ၊ ညောင်လေးပင်ခရိုင်အတွင်းမှ …
Read More »