ပဲခူး မတ် ၁၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (တတိယ)နေ့ သင်္ချာဘာသာ စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၇၈၃)ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ (တတိယ)နေ့ သင်္ချာဘာသာ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း စာစစ်ဌာန၌ ကျောင်းသား/သူ (၅၁၃)ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ …
Read More »Daily Archives: March 19, 2025
(၈၀)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၉ (၈၀)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း ရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား အား မတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား၏ မူလတံတားဟောင်းသည် တစ်လမ်းသွားနှစ်လွှာတစ်ထပ် ဘေလီတံတားဖြစ်ပြီး ဘေလီတံတားပေါ်မှ ယာဉ်ဖြတ်သန်းနေစဉ် အခြားယာဉ်များ စောင့်ဆိုင်းနေရသည့်အတွက် ယာဉ်ကြောကြပ်တည်းမှု ဖြစ်ပေါ် ခဲ့ရကြောင်း၊ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ နေ့စဉ်ဖြတ်သန်းသွားလာသော ဒေသခံပြည်သူများ၊ ဈေးသွားဈေးပြန်များ၊ ကျောင်းသား/သူများ ယာဉ်အန္တရာယ် ကြုံတွေ့ရခြင်းမှ ကင်းဝေး ပြီး ယာဉ်ကြောကြပ်တည်းမှု မရှိတော့မှာဖြစ်ကာ မိုးတွင်းကာလ ပဲခူးမြစ်ရေမြင့်တက်လာမှု၊ ရေကြီးရေလျှံ မှုကြောင့် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်နှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာ နိုင်စေမှာဖြစ်ကြောင်း၊ …
Read More »