Home / 2025 / March / 20

Daily Archives: March 20, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး မတ် ၂၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ် ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၁၀) မျိုးအနက် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် နွေစပါးအပါအဝင် သီးနှံ(၇)မျိုး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနေပြီဖြစ်ကာ ကျန်ရှိသည့် နှမ်း၊ နေကြာနှင့် ပဲစဉ်းငုံများလည်း ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း မိရိုးဖလာ စိုက်နည်းစနစ်များ၊ မျိုးများအား မဖြစ်မနေ ပြောင်းလဲသွားရမှာဖြစ်ပြီး စိုက်ပျိုးရေ လိုအပ်ချက်ရှိပါက ရေရရှိ နိုင်သည့် အရင်းအမြစ်များကို ဖော်ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ မြို့နယ်များတွင် သီနှံအမျိုးအစားအလိုက် အကွက်ကျယ် …

Read More »