ပြည် မတ် ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း လယ်ယာကဏ္ဍ အဆင့်မြှင့်တင် ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ ကြို့ရပ်သာကျေးရွာ၌ ဦးအောင်ဇင်မင်း A One Engineering Group မှ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် လူမောင်းနှင်ရွေ့ပြောင်းနိုင်သည့် စပါးနှင့်ပဲ ခြွေလှေ့စက် တည်ဆောက်နေမှုနှင့် လက်တွေ့စမ်းသပ်မောင်နှင်မှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူတစ်ပိုင်တစ်နိုင် လယ်ယာသုံးစက်ကိရိယာများ ဘက်စုံထုတ်လုပ်သွားရန်နှင့် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ တွင်းဗြည်းကျေးရွာအုပ်စု၌ မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်မှသာ တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်၍ တစ်နှစ်(၃)သီး …
Read More »Daily Archives: March 23, 2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် တန်း စာမေးပွဲ (နောက်ဆုံးနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပြည် မတ် ၂၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (နောက်ဆုံးနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာတို့အား စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၄၉၆)ဦး အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/သူ (၃၅၈)ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ (နောက်ဆုံးနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာတို့အား စိတ်အေး ချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး စာမေးပွဲဖြေဆိုပြီးချိန် ကျောင်းသား/သူများ မိမိတို့အိမ်သို့ အန္တရာယ် ကင်းစွာပြန်လည် ရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကြီးကြပ်ရေးမှူး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း)အတွင်း စိုက်ပျိုးရေးကဏ္ဍမြှင့်တင် နိုင်ရေး ကွင်းဆင်းဆောင်ရွက်
သာယာဝတီ မတ် ၂၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း)စိုက်ပျိုးရေးကဏ္ဍမြှင့်တင်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအုပ်စု၌ နွေစပါးစံပြကွက် ဧက(၂၀၀) စိုက်ပျိုးအောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ် နွေစပါး(၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ရာသီမပြတ် သီးနှံစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိရေး ဖြည့်ဆည့်ဆောင်ရွက်းပေးခဲ့ပြီး ကုန်ထုတ်လမ်းတစ်လျောက် သီးပင်စားပင် စိုက်ပျိုးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ချောင်းသုံးခွကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်းဧက(၅၀) နွေနှမ်းပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး စံပြကွက်များဖြစ်၍ ပန်းတိုင်အထွက်နှုန်းထွက်ရှိနိုင်ရေး ဆောင်ရွက်ရန်၊ သဘာဝ ရေစီးအားအသုံးပြု၍ ရေတင်စနစ်အသုံးပြုရန်၊ နှမ်းစိုက်တောင်သူများအား ခေါ်ယူပြသအသိပညာပေးရန် …
Read More »နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန် – မန္တလေး အမြန် လမ်းမကြီး ၃၉ မိုင် ယာဉ်ရပ်နားစခန်း၌ လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စကား ဓာတ်အားဖြည့်သွင်းရုံ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၂၁ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် CRRC Myanmar Co.,Ltd.မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော် တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စကား ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို မတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းကတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ ဘောနတ်ကြီးလမ်းဆုံ ရန်ကုန် – မန္တလေး အမြန် လမ်းမကြီး ၃၉ မိုင် ယာဉ်ရပ်နားစခန်းရှိ ယာယီမဏ္ဍပ်၌ ကျင်းပသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဝင်းဖေက …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၈)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိ
ပဲခူး မတ် ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၈)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်း များအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် …
Read More »