Home / 2025 / March / 24

Daily Archives: March 24, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအား တိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး မတ် ၂၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအား တိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ ကြူတောကန် ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါးစံပြအကွက်ကျယ်(၂၀၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေမှုနှင့် စုပေါင်းမြေဩဇာကြဲပတ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဓါတ်မြေဩဇာသုံးစွဲမှုအား အထိုက်အလျောက် လျော့ချ၍ သဘာဝမြေဩဇာပိုမိုသုံးစွဲရန်၊ ကျွဲ/နွား တိုးချဲ့မွေးမြူ၍ သဘာဝမြေဩဇာ အသုံးပြုရန်၊ တောင်သူကိုယ်တိုင် မြေဆီလွှာထိန်းသိမ်းခြင်းအား ဆောင်ရွက်တတ်စေရေး တာဝန်ရှိသူများ နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နတ်တလင်းမြို့၊ ရွှေလင်းခန်းမ ဘက်စုံအဆင့်မြှင့်တင် နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေး စိစစ်သုံးစွဲရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အထူးအလေးထားဆောင်ရွက်ရန် တာဝန် …

Read More »

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၌ “ပညာဘဏ် စာကြည့်တိုက်” ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၂၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၌ “ပညာဘဏ် စာကြည့်တိုက်” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၌ “ပညာဘဏ် စာကြည့်တိုက်”အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး သုတ/ ရသစာအုပ်စာစောင်များ ဝယ်ယူနိုင်ရေး အလှူငွေကျပ်သိန်း(၃၀)ပေးအပ်ခဲ့ကာ မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသား/သူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတ …

Read More »