ပဲခူး မတ် ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ ၂၅ ရက်နေ့၊ မွန်းလွဲ ပိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၂၅) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSME ကဏ္ဍများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထား ဆောင် ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိစေရေးနှင့် အသား၊ ငါး၊ ဥ၊ နို့ ဖူလုံပိုလျှံမှုရှိစေရေး လအလိုက် တိုးချဲ့ဆောင်ရွက်သွားရမည့် လမ်းညွှန်ချက်များ ချမှတ် ပေးထားပြီးဖြစ်၍ လိုက်နာဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပူပြင်းခြောက်သွေ့သည့် ရာသီရောက်ရှိလာပြီ ဖြစ်၍ သောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ် …
Read More »