Home / 2025 / March / 29

Daily Archives: March 29, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ငလျင် ဒဏ်ကြောင့် လမ်း/တံတား ထိခိုက်ခဲ့မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီး ငလျင်ဒဏ်သင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး

ပဲခူး မတ် ၂၉        ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၂၈)ရက်နေ့၊ မွန်းတည့် (၁၂:၅၀)အချိန် လှုပ်ခတ်ခဲ့သည် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် လမ်း/တံတားများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ငလျင်ဒဏ်သင့်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရန်ကုန်- မန္တလေး အမြန်လမ်း ၃၂ မိုင် ၆ ဖာလုံမှစ၍ ၁၁၅ မိုင်အထိ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် လမ်း/တံတားများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်း/တံတား ထိခိုက်သည့် နေရာများတွင် ကြိုတင်အသိပေးဘုတ်များ၊ လမ်းညွှန်အမှတ်အသားများ၊ ရောင်ပြန်များတပ်ဆင်သွားရန်၊ လမ်းအသုံးပြုခကောက်ခံရေးဂိတ်များတွင် လမ်း/တံတား အပိုင်းအလိုက် ထိခိုက်သည့်နေရာများ ထုတ်ပြန်ပေးထားရန်၊ တံတားခံနိုင်ဝန်များ ပြန်လည်စိစစ်ရန်၊ လမ်း/တံတား ထိခိုက်ပျက်စီးမှုအား အမြန်ဆုံးပြင်ဆင်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။             …

Read More »