တောင်ငူ မတ် ၃၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့်အတူ မတ်လ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် လမ်းတံတားများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၁၆၅)တွင် လမ်းသားကွန်ကရစ်ပျက်စီးခဲ့မှုနှင့် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၆၅/၁) ရှိ ဆွာချောင်းတံတား ထိခိုက်ပျက်စီးနေမှုများအား လမ်းပိုင်များအလိုက် အသေးစိတ်ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးကောင်းမွန်မှုရှိစေရေး လမ်းနှင့်တံတားတို့အား တစ်ပြိုင် တည်းပြင်ဆင်ဆောင်ရွက်ရန်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် သက်ဆိုင်သည့် မြို့နယ်လမ်းဦးစီး ဌာနများမှ ပူးပေါင်းဆောင်ရွက်ရန်၊ လမ်း/တံတား ပြင်ဆင်သည့် စက်/ယာဉ်/ယန္တရားများနှင့် လုပ်ငန်းခွင်သုံး ပစ္စည်းများ အမြန်ဆုံးရောက်ရှိရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ …
Read More »