Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ချုပ်နှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်

(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ချုပ်နှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၂၆

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား  ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့် ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော လူနေမှုဘဝများကို ဆိုးရွားစွာထိခိုက်နစ်နာစေသည့် ဘက်ပေါင်းစုံမှ စိတ်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဘိန်း/ဘိန်းဖြူစတဲ့ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှုမရှိ သော်လည်း ဖြတ်သန်းသယ်ဆောင်မှုများရှိနေသဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်မြှင့် ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့အထိ အမှုပေါင်း(၃၄၉)မှု၊ တရားခံ ကျား/မ(၅၀၃)ဦး၊ စိတ်ကြွရူးသွပ်ဆေးပြား(၁၉.၉၂၃)သန်း၊ အိုက်စ်(၆၁၀)ကီလို၊ စိတ်ပြောင်းဆေးဝါး Happy Water(၂.၆၈) ကီလို၊ ကတ်တမင်း(၀.၁၈၄)ကီလို၊ အက်တက်စီအမှုန့်(၉၅၀)ကီလို၊ အက်တက်စီ(၃၂၇)ပြား၊ ထရမေဒါ (၁၅၀၀၀)ပြား၊ ဘိန်းဆီခဲ(၈၇)ကီလို၊ ဆေးခြောက်(၇၈.၅၈)ကီလို စုစုပေါင်း ငွေကျပ်(၅၅) ဘီလီယံခန့် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဘုံရန်သူအဖြစ်သတ်မှတ် တိုက်ဖျက်ခြေမှုန်းကြစေလို ကြောင်းနှင့် မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် ခံယူပြီး အားလုံးက တက်ညီ လက်ညီ အရှိန်အဟုန်မြှင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  အောင်သောင်းထိုက်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း Video Clipအား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပဲခူးတိုင်းဒေသကြီး အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင် အသီးသီးတို့အား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။