Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၆

         ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းအဆင့် ဌာနဆိုင်ရာများအနေဖြင့် လစဉ်အစီရင်ခံစာတွင် ယခင်လနှင့် ယခုလ တိုးတက်မှုနှိုင်းယှဉ်ချက်များနှင့် ပတ်သက်၍ စာရင်းဇယား အချက်အလက်မှန်ကန်ရေးသည် အလွန်အရေးကြီးကြောင်း၊ ဌာနဆိုင်ရာအလိုက် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီး ရေး ကြီးကြပ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေ များ အပြည့်အဝကောက်ခံရရှိရေး ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ လစဉ်ဟန်ချက်ညီညီ တိုးတက်လာစေရေး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍနှင့်ပတ်သတ်၍ စာမေးပွဲဖြေဆိုရန် နီးကပ်လာပြီဖြစ်၍ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန်နှင့် နွေရာသီ ကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်စေရေး အားကစား၊ နည်းပညာ၊ ယဉ်ကျေးလိမ္မာစသည့် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးသွားရမှာဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှု တားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များအား ထိထိရောက်ရောက် ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လိုင်စင်မဲ့ မော်တော်ယာဉ် မော်တော်ဆိုင်ကယ် စီးနင်းမှုမရှိစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

               ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ အခွန်ဘဏ္ဍာငွေဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက် ရေးဆိုင်ရာကိစ္စရပ်များနှင့် ဥပဒေရေးရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတို့၏ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။

               ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်နှင့် သင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက ရုံးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နေမှု အခြေအနေများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် လစဉ်တိုးတက်မှု နှိုင်းယှဉ်ချက်များအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာ တစ်ခုချင်းအလိုက် တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။