Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇန်နဝါရီ ၁၁

          ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနေမှုနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်ဝင်တစား လာရောက်ဆန္ဒမဲပေးနေမှုတို့အား ဇန်နဝါရီ(၁၁)ရက်နေ့ နံနက်ပိုင်းက ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင် တို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင်တို့သည် သနပ်ပင်မြို့၊ အောက်စုရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ ဈေးပိုင်းရပ်ကွက်၊ အခြခံပညာအထက်တန်းကျောင်း(ခွဲ)၊ တောင်ဘက်ကမ်းရပ်ကွက်၊ အခြေခံပညာအထက် တန်းကျောင်း၊ ကမာစဲစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကဝမြို့၊ ရုံးကြီးရပ်ကွက် မဲရုံနှင့် အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံအသီးသီးတို့တွင် ဒေသခံ ပြည်သူများ ဆန္ဒမဲလာရောက် မဲပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မဲရုံများအလိုက် MEVM မဲပေးစက်များနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်လာပါက နည်းပညာအထောက်အကူပြုအဖွဲ့ များမှ အချိန်နှင့်တစ်ပြေးညီပြင်ဆင်ခြင်း၊ အသစ်လဲလှယ်ပေးခြင်းဆောင်ရွက်ရန်နှင့် ဆန္ဒမဲပေးသူများ အေးချမ်း လွတ်လပ်စွာဖြင့် အမြန်ဆုံးဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာ မဲရုံတာဝန်ကျအဖွဲ့ဝင်များက စီစဉ်ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ပြီး ဆန္ဒမဲလာရောက်ပေးသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး စကား ပြောကြားခဲ့သည်။

          သနပ်ပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၆၆)ခု၌ ဆန္ဒမဲပေးသည့် မဲရုံ(၈၆)ခုရှိပြီး ကဝမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၁၀၃)ခု၌ ဆန္ဒမဲပေးသည့် မဲရုံ(၁၂၅)ခုရှိကာ သက်ဆိုင်ရာ မဲရုံများအလိုက် ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆန္ဒမဲပေးသူများအား ကုသိုလ်ဖြစ် ရေသန့်၊ အအေးဗူးနှင့် မုန့်များပေးဝေလျက်ရှိကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ်(၂၈)မြို့နယ်ရှိပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)အား မြို့နယ်(၈)မြို့နယ်တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ ပြီး၊ အပိုင်း(၂)အဖြစ် ယနေ့တွင်(၁၂)မြို့နယ်၌ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အပိုင်း(၃)အား ကျန်ရှိသည့် မြို့နယ် (၈)မြို့နယ်တို့တွင် ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။