ပြည် ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ မြောက်စောင်းတန်းလမ်းနှင့် ပြည်မြို့တွင်းရှိ ရန်ကုန်-ပြည်ကားလမ်းပိုင်းအား လမ်းချဲ့ခြင်း၊ လမ်းအဆင့်မြင့်တင်ခြင်းနှင့် ပလပ်ဖောင်များ ပြန်လည်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းများအလိုက် လမ်းဧရိယာများ အများပြည်သူသိရှိနိုင်ရေး သတ်မှတ်ထားရန်၊ လျှပ်စစ် မီးတိုင်နှင့် ဖုန်းတိုင်များ ကြိုတင်ပြောင်းရွေ့ထားရန်နှင့် လမ်းဧရိယာအတွင်း ကျူးကျော်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၌ မန္တလေးငလျင်ကြီး ကြောင့် ပြိုကျပျက်စီးခဲ့သည့် သုံးပန်လှအုတ်ကျောင်းတော်ကြီး အသစ်ပြန်လည်ပြုပြင်မှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပြည်မြို့ နယ်၊ ငါးရွာကျေးရွာအုပ်စု၌ သဘာဝရွက်ဖြန်းမြေဩဇာဖြင့် နေကြာသီးနှံနှင့် မတ်ပဲသီးနှံ စမ်းသပ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝ ရွက်ဖျန်းမြေဩဇာအတွက် အဓိကကျသည့် နွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူရန်နှင့် မေထုန်မဲ့ သားစပ်နည်းဖြင့် မျိုးမြှင့်တင်ပေးသွားရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ မြရွာကျေးရွာအုပ်စု၌ ကြံ လမိုင်းဖြတ်ကိရိယာဖြင့် တောင်သူနည်းပညာပေး သရုပ်ပြသနေမှုအားကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများ နှင့်တွေ့ဆုံ၍ ကြံသီးနှံအထွက်တိုးရေးအတွက် ကြံခုတ်နည်းစနစ်သည် အလွန်အရေးပါသည့်အတွက် ကြံ သီးနှံစိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းနှင့် ခုတ်သိမ်းခြင်းစသည့် နည်းစနစ်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ နဝင်း ကွက်သစ်ရပ်ကွက်ရှိ ဦးဆန်းမင်းထွဋ်၏ Sun Power ဖျော်ရည်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ ပြီး ပြည်ပသွင်းကုန်အစားထိုးအဆင့်ထိ တိုးမြှင့်ဆောင်ရွက်ရန်၊ သဘာဝသစ်သီးများဖြင့် တီထွင်ဆန်းသစ် ထုတ်လုပ်ရန်နှင့် ထုတ်ပိုးမှုပုံစံများ အဆင့်မြှင့်တင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website