ပဲခူး နိုဝင်ဘာ ၂၄
=======================
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နိုဝင်ဘာလ(၂၄)ရက်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) အစည်းအဝေးအား ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဘက်ပေါင်း စုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အား များများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်ရသည့် တိုင်းဒေသကြီး တစ်ခုဖြစ်၍ သဘာဝမြေဩဇာစက်ရုံနှင့် တရိစ္ဆာန်အစာစပ်စက်ရုံများ တည်ဆောက်နိုင်ရေး ပြည်ပ လုပ်ငန်းရှင်များ ဖိတ်ခေါ်၍ ဒေသတွင်းသို့ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပဲခူးစက်မှုနယ်မြေအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Wiawis Myanmar Co., Ltd မှ ကနဦးမတည်ငွေ အမေရိကန်ဒေါ်လာ (၆)သန်းဖြင့် CMP စနစ်ဖြင့် ပြိုင်ဘီးထုတ်လုပ်သည့် လုပ်ငန်းမှ ထပ်မံ၍ ပြိုင်ပွဲဝင် လေးနှင့်မြားထုတ်လုပ်သည့်လုပ်ငန်း ထပ်မံတိုးချဲ့ဆောင်ရွက်မည်ဖြစ်၍ ရင်းနှီးမြှုပ်နှံမှု ပမဏ အမေရိကန်ဒေါ်လာ(၁)သိန်း ထပ်မံရင်းနှီးမြှုပ်နှံနိုင်ရေး လျှောက်ထားလာခြင်းနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးမြို့ စက်မှုနယ်မြေအတွင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေဖြင့် Wiawis Myanmar Co., Ltd မှ ကနဦးမတည်ငွေ အမေရိကန်ဒေါ်လာ(၆)သန်းမှ ထပ်မံရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁)သိန်း တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ရေး ခွင့်ပြုပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
				
