ပဲခူး မတ် ၂

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မတ်လ(၁) ရက်နေ့ ညနေပိုင်းက ၂၀၂၆ ခုနှစ်၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပဲခူးတိုင်း ဒေသကြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမံပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ဂုဏ်ပြုဘင်ခရာတီးဝိုင်းနှင့် ဂုဏ်ပြုပန်းပွားအက အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ပြည် ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင် (၆)ခုတို့မှ ဒေသထွက် သစ်သီးဝလံပန်းမန် ပြိုင်ပွဲဝင်သစ်သီး ဝလံပန်းမန်များ ခင်းကျင်းပြသထားရှိမှု၊ လယ်ယာသုံးစက်ကိရိယာပြခန်း၊ မွေးမြူရေးဆိုင်ရာပြခန်းများ၊ ဌာနဆိုင်ရာအသိပညာပေးပြခန်းများ၊ မွေးမြူရေးစံပြခြံများ၊ ဒေသထွက်ကုန်အရောင်းပြခန်း စုစုပေါင်း (၁၁၀)ခန်းကျော်အား ဆိုင်ခန်းတစ်ခုချင်းအလိုက် လှည့်လည်ကြည်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်များအား နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန် အဆင့်ထိမျှော်မှန်း ထုတ်လုပ်ဆောင်ရွက်ရန်နှင့် ဒေသတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပြခန်းများတွင် ဒေသထွက် ဝါး၊ သစ်သား လက်မှုပစ္စည်းများ၊ ဒေသထွက်တန်ဖိုးမြှင့် စားသောက်ကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ၊ လူသုံးကုန်များနှင့် သဘာဝမြေဩဇာများ စုစုပေါင်း ဒေသထွက်ကုန် အမျိုးပေါင်း(၈၀၀)ကျော် ထည့်သွင်းပြသထားပြီး လာရောက်လေ့လာသူများ၊ ဈေးဝယ်သူ များအပြင် အခမဲ့ဇာတ်သဘင် လာရောက်ကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိ သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website