Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ကျင်းပပြုလုပ်

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၈

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ ကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာတတ်မြောက်ခြင်းသည် လူသားများအတွက် အရည်အသွေးတစ်ရပ်ဖြစ်ပြီး လူမှုဘဝတိုးတက်မြင့်မာရေးအတွက် အရင်းအမြစ် တစ်ခုလည်းဖြစ်ကာ လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် နည်းလည်မှုနှင့် ငြိမ်းချမ်းမှုရှိြခင်းတို့အတွက် အလွန်အရေးပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရှိသူများအတွက် ကျောင်းပြင်ပ ပညာရေးကို စဉ်ဆက်မပြတ် ဖွင့်လှစ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို ယခုနှစ်တွင် ပဲခူးတိုင်း ဒေသကြီးအတွင်း မြို့နယ်(၂၁)မြို့နယ်တွင် ကျောင်းပြင်ပ ပညာရေးသင် အခြေစိုက်စခန်း(၂၄)ခုကို ဖွင့်လှစ် ပေးထားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ အသိပညာကြွယ်ဝသော ပညာတတ်ပေါများခြင်းသည် နိုင်ငံဖွံ့ဖြိုးရေးနှင့် နိုင်ငံရေးစနစ် တည်ငြိမ်ရေးအတွက် အမှန်တကယ်လိုအပ်ပြီး အသိပညာ၊ အတတ်ပညာများကို အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုးသာယာရေးအတွက် ကျရာကဏ္ဍမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်မှာဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့အတွက် ယနေ့ခေတ်နည်းပညာများကို လေ့လာသင်ယူပြီး အသုံးချနိုင်ရေး အတွက် စာပေသည် မရှိမဖြစ်သော ကြားခံဖြစ်၍ လူတိုင်းစာတတ်မြောက်ရေးလုပ်ငန်းစဉ်ကို အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတကာစာတတ်မြောက်ရေး နေ့ အထိမ်းအမှတ်(Video Clip)အား ကြည့်ရှုအားပေးခဲ့ကြသည်။ ၎င်းနောက် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက “အနာဂတ်ကို ပိုင်စိုးသူ”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။