Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးမြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၅

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက် ရောက် ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စက်ရုံ/အလုပ်ရုံမှ တာဝန်ရှိ သူများက ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ဒဏ်ကြောင့် အသက် ဆုံးရှုံးခဲ့ရသည့် ရဟန်းရှင်လူပြည်သူအပေါင်းအတွက် တစ်မိနစ်ငြိမ်သက်ဆုတောင်းပေးခြင်းအား ပြုလုပ်ခဲ့ ကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်အဆက်ဆက်မှာ မီးသတ်တပ်ဖွဲ့ ဝင်များအနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားမှုတွေနဲ့ အကျိုးပြုနေတဲ့ လေးစား ဂုဏ်ယူဖွယ်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ သဘာဝဘေးဖြစ်စဉ်များနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်၊ မေလတွင်ဖြစ်ပွားခဲ့သည့် “မိုခါ”မုန်တိုင်းဖြစ်စဉ်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် “ရာဂီ” မုန်တိုင်းဖြစ်စဉ်နှင့် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖြစ်ပေါ်ခဲ့သည့် “မန္တလေးငလျင်” ဖြစ်စဉ်များတွင် မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် စွမ်းရည်ပြည့်ဝစွာ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့မှုသည် နိုင်ငံ တကာအဆင့်မီသည့် လုပ်ဆောင်ချက်များပင်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှာ ပြောင်းလဲတိုးတက်နေသည့် မီးသတ်ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးပညာရပ်များနှင့် လုပ်ငန်းသုံးခေတ်မီပစ္စည်းကိရိယာများကို မျက်ခြည်မပြတ်လေ့လာဆည်းပူးဖြည့်တင်းပြီး လေ့ကျင်မှုနှင့် အရည်အချင်းပြည့်ဝအောင် ကြိုးပမ်း ဆောင် ရွက်ကြရန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးလုံခြုံရေးလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များနှင့် ဆောင်ရွက်ရာတွင် စိတ်ကောင်းစေတနာအပြည့်ဖြင့် ထိထိရောက်ရောက် စွမ်းဆောင်သွားကြစေ လိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ စံပြမီးသတ်စခန်းဆုရရှိသည့် သာယာဝတီခရိုင် မီးသတ်စခန်း၊ ဗဟိုအဆင့် အမြန်လမ်းစံပြမီးသတ်စခန်းဆုရရှိသည့် ဥသျှစ်ကုန်းမီးသတ် စခန်းများ၊ သင်တန်းသား(စံပြ)ဆု၊ မီးသတ်ကျင့်ဝတ်ပြိုင်ပွဲ ပထမဆုရရှိသူတို့အား ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုဆုငွေနှင့် တိုင်းဒေသကြီးအတွင်း မီးငြှိမ်းသတ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် မီးသတ် တပ်ဖွဲ့ဝင်များအတွက် သီးခြားဂုဏ်ပြုဆုငွေကျပ်သိန်း(၁၀၀)ကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က သင်တန်းသား ထူးချွန်ဆုရရှိသူနှင့် လုပ်သက်(၂၅)နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့တို့အား ဂုဏ်ပြု မှတ်တမ်းနှင့် ဂုဏ်ပြု ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြု Video Clip အား ကြည့်ရှု ခဲ့ကြပြီး မီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိ သည်။