မတ် ၉ (ပဲခူး)
=================

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၉-၃-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၉)ခု၌ နိုင်ငံသား(၂၆၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၁၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃)ခု၌ နိုင်ငံသား(၁၈)ဦးပြီး ရောဂါပိုးတွေ့ရှိသူ (၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄)ခု၌ နိုင်ငံသား(၇၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၇၂)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၅၄)ခု၌ နိုင်ငံသား(၁၀၁)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၁၁၀)ခု၌ နိုင်ငံသား(၄၅၉)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၆၉၅)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website