Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၈၀)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

(၈၀)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၁၉

          (၈၀)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း ရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား အား မတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား၏ မူလတံတားဟောင်းသည် တစ်လမ်းသွားနှစ်လွှာတစ်ထပ် ဘေလီတံတားဖြစ်ပြီး ဘေလီတံတားပေါ်မှ ယာဉ်ဖြတ်သန်းနေစဉ် အခြားယာဉ်များ စောင့်ဆိုင်းနေရသည့်အတွက် ယာဉ်ကြောကြပ်တည်းမှု ဖြစ်ပေါ် ခဲ့ရကြောင်း၊ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ နေ့စဉ်ဖြတ်သန်းသွားလာသော ဒေသခံပြည်သူများ၊ ဈေးသွားဈေးပြန်များ၊ ကျောင်းသား/သူများ ယာဉ်အန္တရာယ် ကြုံတွေ့ရခြင်းမှ ကင်းဝေး ပြီး ယာဉ်ကြောကြပ်တည်းမှု မရှိတော့မှာဖြစ်ကာ မိုးတွင်းကာလ ပဲခူးမြစ်ရေမြင့်တက်လာမှု၊ ရေကြီးရေလျှံ မှုကြောင့် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်နှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာ နိုင်စေမှာဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ သွားလာရေး ပိုမိုလွယ်ကူလျှင်မြန်၍ ပဲခူးမြို့ကြီး၏ မြို့ပြဖွံ့ဖြိုး တိုးတက်မှုနှင့်ကိုက်ညီ၍ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ဘက်စုံ၊ ကဏ္ဍစုံ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းဆောင်ရွက်နေတဲ့အပိုင်းမှာ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးဟာလည်း အခြေခံ ကျတဲ့ အချက်ပင်ဖြစ်ကြောင်း၊ ခေတ်စနစ်နှင့်အညီ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် နိုင်ငံတော်မှ အကုန်အကျခံအဆင့်မြှင့်တင် တည်ဆောက်ပေးထားသည့် တံတားသစ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူမြို့၊ မြို့မိ/မြို့ဖ တစ်ဦးဖြစ်သည့် ဦးဝင်းက တံတားသစ်ကြီးတည်ဆောက်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာ ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးနှင့် မြို့မိ/မြို့ဖ ဦးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၈၀)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ကဗ္မည်းမော်ကွန်း ကျောက်စာအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားဖွင့်ပွဲတွင် ဂုဏ်ပြု တင်ဆက်ခဲ့ကြသည့် ဘင်ခရာအဖွဲ့၊ ပန်းပွှားအဖွဲ့နှင့် အတီး/အကအဖွဲ့များအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေး အပ်ခဲ့သည်။

          ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားသည် အရှည်ပေ(၃၂၀)ရှိပြီး ယာဉ်သွားလမ်း(၁၆)ပေအကျယ်ရှိကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၇၂၁.၃၅)သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။